အပိုင်း (၁၀၄)

1.4K 93 1
                                    

{Unicode}

လုခ် သက်ပြင်းချလိုက်ကာ မယ်ဒီရာကို ကြည့်လိုက်သည်။

"အစကတည်းက မိန်းကလေးဟက်စတီးရားကို ကြင်နာမှုပြခဲ့တာ ဒီအကြောင်းကြောင့်လား?"

"အမက မိန်းကလေးဟက်စတီးရားကိုလဲ သဘောကျတယ်လေ"

လိုင်လ့်ဘေးနား မိန်းကလေးတွေ ရှိနေတာကို သဘောမကျခဲ့သူမှာ မယ်ဒီရာ ဖြစ်သည်။ ထို့ပြင် စီရီရာကလဲ ချောမောလှပတဲ့ မိန်းကလေးဖြစ်တာမို့ သူမဆီက ဒီလိုပြောင်းလဲမှုက လုခ်အတွက် မယုံနိုင်စရာကောင်းနေသည်။ သူမက အရှင်မင်းကြီးဆီက ချစ်မြတ်နိုးမှုကို ရထားပြီမို့လို့ ဒီလို ပြောင်းလဲသွားတာလား?

သို့သော် ဦးဆုံးအနေနဲ့ လုခ်က မယ်ဒီရာ့အကြောင်း သေချာ မသိပေ။ သူမက နန်းတွင်းဝင်ပြီးနောက် နယ်စားအိမ်တော်နဲ့ ခပ်ကင်းကင်းနေခဲ့တာမို့ သူ့ငယ်စဉ်ကလေးဘဝတွင် သူ့ရဲ့လှပတဲ့ အမတော်ကို သူမရဲ့ သင်ခန်းစာချိန်တွေကြားမှာသာ ခိုးကြည့်ခဲ့ရခြင်းဖြစ်သည်။

လုခ် အသက်ကြီးပြင်းလာပြီး နယ်စားအိမ်တော်ရဲ့ ဆက်ခံသူ ဖြစ်လာသည်အထိပင်။

[မဟုတ်သေးဘူး၊ ဒါက ကောင်းတဲ့ အပြောင်းအလဲပဲ၊ အရှင်မင်းကြီးက ငါ့အမကို နောက်ဆုံးတော့ ချစ်မြတ်နိုးခဲ့ပြီ... ဒါကြောင့် ငါ့အစ်မ ပြောင်းလဲသွားတာ ဖြစ်နိုင်တာပဲ]

"သူက အရှင်ရှေ့မှာ သူ့ကိုယ်သူ မြို့စားဟက်စတီးရားအနေနဲ့ မိတ်ဆက်ထားတော့ နောက်ပိုင်းကျ ပြဿနာတက်လာနိုင်တယ်"

မယ်ဒီရာသည်လည်း ထိုအကြောင်းကို စဉ်းစားနေခြင်းဖြစ်သည်။

သူမနောက်ဆုံး အဖြေထုတ်နိုင်သည်မှာ ရလဒ်တခုထဲ။ လိုင်လ့်ကို ဖြောင့်ဖြကာ သူ့ကို အသိပေးပြီး အစောပိုင်းကတည်းက သဘောတူစေခြင်း။ ဧကရာဇ်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာအတွက် သူ ဒေါသထွက်နိုင်တဲ့ ကိစ္စမျိုးရှိလာနိုင်ပေမဲ့ အဆုံးတွင်တော့ မယ်ဒီရာ့စကားအတိုင်း သူလုပ်ရမည်ပင်။

စီရီရာက ထူးချွန်တဲ့ စွမ်းရည်တွေ ရှိတဲ့ ဓါးရေးကျွမ်းကျင်သူ မိန်းမပျိုတစ်ယောက်မို့ လိုင်လ့်ရဲ့ ယုံကြည်မှုကို ထိုစွမ်းရည်ဖြင့် ရယူနိုင်ပေသည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now