Chapter 1

8.7K 604 9
                                    

Chapter 1

" မင်း ဘာလို့ ဒီလောက်တုံးရတာလဲ..."

အပြာရောင်ဝတ်စုံဝတ်ထားသောလူက သူ့အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်ပြီး သူ၏ ချောမောသော မျက်နှာသွင်ပြင်တွင် ဒေါသများ၊ စိတ်ပျက်မှုများဖြင့် ပြည့်နေသည်။

" ယွီရှန်းနည်းစနစ်က ငါတို့ဂိုဏ်းတစ်ခုတည်းပိုင်တဲ့ ထိပ်တန်းနည်းစနစ်ကွ... တခြားလူတွေသိခွင့်လည်းမရှိဘူး ခွင့်ပြုချက်မရှိဘဲ ဖတ်လို့လည်း မရဘူး... မင်းက အဲဒါကိုခိုးပြီး နှလုံးသားမဲ့လမ်းစဉ်လိုက်တဲ့ ဓားကျင့်ကြံသူပင်းရန်ကို ပေးလိုက်သေးတယ်ပေါ့... မင်း သေချာပေါက် ရူးသွားတာပဲဖြစ်ရမယ်..."
( နှလုံးသားမဲ့လမ်းစဉ် : တရုတ် ကျင့်ကြံရေးဝတ္ထုတွေထဲမှာ ကျင့်ကြံသူတွေက သူတို့ကျင့်ကြံဆင့်တိုးလာဖို့အတွက် ခံစားချက်တွေအားလုံးကို  စွန့်ပယ်ထားရတဲ့ "နှလုံးသားမဲ့လမ်းစဉ် " ဆိုတာ ရှိပါတယ် )

ထိုစကားများဆုံးသည်နှင့် ရှန်းလျိုရှန့်က နောက်သို့ဆောင့်တွန်းခံလိုက်ရသည်။ သူ ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီးသည့်နောက် ဟန်ချက်ညီအောင်ထိန်းလိုက်ကာ အနည်းငယ် ကြောင်အသွားရသည်။

" ဘာ ဘာဖြစ်သွားလို့လဲ..."

" မင်း မျက်နှာပြောင်ပြောင်နဲ့ ငါ့ကိုမေးရဲသေးတယ်ပေါ့လေ..."

အင်မော်တယ်တစ်ယောက်၏ ပုံပန်းသွင်ပြင်နှင့်တူသော လူငယ်လေးက ဒေါသထွက်နေသည်။ သူ ရှန်းလျိုရှန့်ကို လက်ညှိုးထိုးကာ ဆူပူကျိန်းမောင်းတော့သည်။
" မင်း အဲဒီနည်းစနစ် ခိုးပေးတာနဲ့ ယဲ့ပင်းရန်က မင်းကို ကျေးဇူးတင်ပြီး ပြန်ကြိုက်လာမယ် ထင်နေဝာာလား... ငါမင်းကို တဲ့တိုးပဲပြောမယ် ဓားသခင်ယဲ့(ယဲ့ပင်းရန်) က ဒီလိုအကျင့်စရိုက်မျိုးကို အရမ်းထင်သေးတဲ့လူမျိုး... သူကိုယ်တိုင် ဂိုဏ်းကိုပြန်လာပြီး နည်းစနစ်စာအုပ်ကို ပြန်အပ်သွားတယ်... အခု ကျင့်ကြံရေးလောကတစ်ခုလုံးက အင်မော်တယ်ရှန်း(ရှန်းလျိုရှန့်) ဆိုတဲ့မင်း လုပ်ခဲ့သမျှကိစ္စအားလုံးကို သိကုန်ပြီ..."

ရှန်းလျိုရှန့်က ခေါင်းများ မူးဝေလာသည်အထိ ဆူပူကျိန်းမောင်းခံလိုက်ရသည်။ ဖြစ်ပျက်နေသည့်အရာများကို သူ နားမလည်တော့ပေ။ ဤအဖြစ်အပျက်နှင့် ရင်းနှီးနေသည်ဟုသာ သူခံစားနေမိသည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now