Chapter 66

2.4K 418 19
                                    

Chapter 66

လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာက ချုန်းချီ ၊ ထောင်ဝူ ၊ ထန်ထူ၊ ဟွင်းသွမ်း ဟူသည့် စွမ်းအားကြီး နတ်ဆိုးသားရဲလေးကောင် တစ်ချိန်တည်းပေါ်လာခဲ့၍  လောကသုံးပါး ပျက်သုဉ်းခြင်းဟုပင် ခေါ်နိုင်သော ကပ်ဘေးကြီး ဖြစ်ခဲ့သည်။ ထိုအကြောင်းကို တိယွင်ယွီ၏နှုတ်မှ ကြားရသောအခါကြောင်ရိုင်းလေးတစ်အုပ်စု ရန်ဖြစ်နေသည်ကို မြင်လိုက်ရသကဲ့သို့ပင် ဖြစ်သွားရသည်။

အဲ့ဒါကြောင့် သူ့ရဲ့ခံစားချက်လေး ပျက်စီးသွားမှာစိုးလို့ တစ်ကောင်ပြီးတစ်ကောင်ကို သယ်သွားတယ်ပေါ့...

ရှန်းလျိုရှန့် တစ်ဒင်္ဂမျှ တိတ်ဆိတ်ပြိးနောက် မေးလိုက်သည်။
"  နတ်ဆိုးသားရဲတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကြီးလား..."

ကောလဟာလတွေက အမှန်များဖြစ်နေမလား...နတ်ဆိုးသားရဲတွေက ထင်ထားတာထက် အားနည်းကြတာများလား...

"ယျေဘုယျအားဖြင့်တော့လည်း ကြီးတယ်ပြောရမှာပေါ့..."

တိယွင်ယွီ ညင်သာစွာပြောလိုက်သည်။
" နတ်ဆိုးသားရဲသာ ထွက်လာခဲ့ရင် အခုနတ်ဆိုးလောကမှာရှိတဲ့ နတ်ဆိုးဘုရင်တွေ ပေါင်းတိုက်ရင်တောင်မှ လက်တစ်ချောင်းတောင် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး..."

ရှန်းလျိုရှန့် : "....."

နတ်ဆိုးလောကတွင် ရှင်းလင်းတိကျသော ကျင့်ကြံဆင့်များ မရှိသော်ငြား နတ်ဆိုးဘုရင် တစ်ပါးသည် ဝိညာဥ်ဖွဲ့စည်းအဆင့်နှင့် ညီမျှပေသည်။ ၎င်းတို့ထဲမှ မဟာနတ်ဆိုးဘုရင်က မဟာယနအဆင့် ကျင့်ကြံသူများနှင့် လွန်ခဲ့သော နှစ်တစ်ရာခန့်ကပင် လက်ရည်တူ တိုက်ခိုက်နိုင်ပေသည်။

တိယွင်ယွီက သူ့ကို ကြည့်လိုက်သည်။

"ကမ္ဘာဦးခေတ်က နတ်ဆိုးမျိုးနွယ်ရဲ့ဘုရင်ဆီမှာ ဒီလောက်စွမ်းအားရှိတယ်ဆိုတာ အံ့သြစရာမရှိပါဘူး..."

ရှန်းလျိုရှန့် မျက်ခုံးများကို ပင့်လိုက်သည်။
ဧကရာဇ်ယွင်ယွီရဲ့ စကားကို စုစည်းလိုက်ရင် နတ်ဆိုးသားရဲတွေက နောက်မျိုးဆက်တွေ မဟုတ်ပဲနဲ့ သမိုင်း မစတင်ခင်ထဲက ရှိခဲ့တာပေါ့...ဒါဆို ဘာလို့သူတို့က ပင်မကုန်းတိုက်မှာ တစ်ချိန်လုံး ပုန်းနေကြတာလား...နှစ်ထောင်ပေါင်းများစွာ တိတ်ဆိတ်နေ ပြီးမှ ဘာလို့ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ရုတ်တရက်ကြီးတိုက်ခိုက်တာလဲ...

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now