Chapter 5

3.3K 480 2
                                    

Chapter 5

ရှန်းလျိုရှန့်၏ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကို လင်ယွဲ့ ရှင်းလင်းစွာ မြင်နေရသည်။ သူ့အသားအရေက နှင်းတမျှဖြူဖွေးပြီး လှပလွန်းသည်။ မပြည့်စုံမှု တစ်စွန်းတစ်စမှ မပါဝင်နေပေ။

လင်ယွဲ့ သူ့ကို အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ပြီးမှ အမြန်အကြည့်လွှဲလိုက်သည်။

ခေါင်းကို တစ်ဖက်လှည့်လိုက်သည့်အခါ သူ့မျက်နှာထက်တွင် အမည်ဖော်ညွှန်းမရနိုင်သည့် အပူလှိုင်းတစ်မျိုးကို ခံစားလိုက်ရသည်။ အချိန်အတန်ကြာပြီးသည့်နောက်တွင်မှ ခြောက်ကပ်စွာဖြင့် ခေါ်လိုက်သည်။

" စီနီယာအစ်ကို..."

ထိုစကားများကို နေရထိုင်ရခက်စွာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ကူကယ်ရာမဲ့မှုနှင့် မိမိဆန္ဒမပါဝင်မှုတို့ဖြင့် ခေါ်လိုက်ကြောင်း သိသာပေသည်။

သူ့အသံကို နားထောင်လိုက်သည့်အခါ ထိုစကားလုံးများက အနည်းငယ် သနားစရာကောင်းနေသည်ဟုပင် ရှန်းလျိုရှန့် တွေးလိုက်မိသည်။

အနောက်ဘက်တွင် ရပ်နေကြသော တပည့်များက လုံးလုံးလျားလျား အံ့အားသင့်ကုန်ကြသည်။

ဒါက သူတို့ရဲ့ နှလုံးသားမဲ့တဲ့ အေးစက်စက် တရားစီရင်ရေး အကြီးအကဲတဲ့လား...

သူ့ပုံစံကဘာလို့ အနိုင်ကျင့်ခံနေရတဲ့ အကောင်ပေါက်လေးလိုမျိုး ဖြစ်နေရတာလဲ...လောကကြီး ဘာတွေဖြစ်ကုန်တာလဲ...

"စီနီယာအစ်ကို" ဟူသည့်စကားကို ကြားလိုက်ရသည့်အခါ ရှန်းလျိုရှန့် အလွန်ကျေနပ်သွားမိသည်။ ဤအချိန်တိုအတွင်းတွင် သူ့နေရာက အဆင့်များစွာမြင့်သွားသကဲ့သို့ပါ ခံစားလိုက်ရသည်။

ရှန်းလျိုရှန့် ဘေးနားသို့လှည့်လိုက်ပြီး ညီအစ်ကိုကြားမှ အချစ်ကို အတင်းအကြပ်ကြည့်နေလိုက်ရသောကြောင့် ကြောင်အနေသည့် ယဲ့ပင်းရန်ဘက်ကို လက်တစ်ဖက်ဆန့်လိုက်သည်။

ထို့နေက်သူ့ဝတ်ရုံလက်ကိုခါပြီး ရှန်းလျိုရှန့်ပြောလိုက်သည်။

" ရှေ့က သွားနှင့်ပါ ဓားသခင်ယဲ့... ခင်ဗျား ကျွန်တော် ပြစ်ဒဏ်ခံရမှာကို မစောင့်နိုင်တော့တဲ့ပုံပါပဲ..."

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now