Chapter 24

2.9K 458 10
                                    

Chapter 24

လင်ယဲ့ မျက်ခုံးများ တွန့်ချိုးလိုက်သော်လည်း မကြာမီအချိန်တွင် စိတ်ပြန်ပြေသွားပုံပေါ်သည်။

"မြေဩဇာကောင်းစေတဲ့ရေက တခြားလယ်ကွင်းတွေကို မစီးဆင်းသွားသရွေတော့ ဂိုဏ်းထဲက တပည့်တွေက ယဲ့ပင်းရန်ထက် ပိုသာပါတယ်...  ဂျုနီယာသာ တကယ်ကြိုက်တယ်ဆိုရင် အဆင်ပြေပါတယ်..."
[ မြေဩဇာကောင်းစေတဲ့ရေက တခြားလယ်ကွင်းတွေကို မစီးဆင်းသွားသရွေတော့- ဆိုတဲ့စကားကဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲကဖိတ်ဆိုတဲ့ မြန်မာစကားပုံလိုမျိုးပါ၊ အကျိုးအမြတ်ကို အပြင်လူတွေနဲ့ ဝေမျှရမည့်အစား ကိုယ့်လူအချင်းချင်းကိုပဲ ဝေမျှစေချင်တာမျိုးပါ၊ ဒီမှာဆိုရင်တော့ အရည်အချင်းရှိတဲ့ ရှန်းလျိုရှန့်က ယဲ့ပင်းရန်တို့ဂိုဏ်းကို ရောက်သွားမယ့်အစား ချင်းလင်ဂိုဏ်းက တစ်ယောက်ယောက်နဲ့ ညားသွားတာက ပိုကောင်းတယ်လို့ ပြောချင်တာပါ🤣 ‌]

လင်ယဲ့၏အကြည့်အောက်တွင် ရှန်းလျိုရှန့်၏ ဦးရေပြားများပါ ကျိန်းစပ်စပ်ဖြစ်လာပြီး သူ့စီနီယာအစ်ကိုက သိသိသာသာ အထင်လွဲသွားပြီဖြစ်ကြောင်းကို သိလိုက်သည်။ သူ ရှင်းပြတော့မည့်အချိန်တွင် တံခါးအပြင်ဘက်မှ အသံတစ်သံထွက်လာသည်။
" ရှစ်စွမ်း..."

သူ လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ဝတ်ရုံက မြေပြင်ပေါ် ကျသွားသည်။

လင်ယဲ့က ဤမြင်ကွင်းကိုတွေ့သည့်အခါ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
သူ့ ဂျူနီယာညီလေးကတော့ ထပ်ပြီး တစ်ဖက်သတ် ချစ်မိနေပြန်ပြီထင်တယ်... ဒီတစ်ခါတော့ သူလိုချင်တာကို မရရင် ရူးမသွားဖို့ မျှော်လင့်ရတာပဲ...

သူ တစ်ဖက်သို့လှည့်လိုက်ပြီး အခန်းထဲချောင်းကြည့်ရန် ကြိုးစားနေသည့် ကျိုးရွှမ်လန်ကို ကာထားလိုက်သည်။
" မဲနှိုက်တာ ပြီးသွားပြီလား..."

ကျိုးရွှမ်လန်က ပြန်ဖြေလိုက်သည်။
" ကျွန်တော့်ရဲ့ပြိုင်ဘက်က ကျောက်ချီပါ..."

လင်ယဲ့ ခေါင်းညိတ်ပြလိုက်သည်။
" ကျောက်ချီက အခြေခံအုတ်မြစ်တည်အဆင့်နှောင်းပိုင်း ရောက်နေတဲ့သူပဲ သူ့ကို အထင်မသေးနဲ့..."

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now