Chapter 48
ရှန်းလျိုရှန့် ထိုနေရာတွင်ရပ်နေပြီး ခဏကြာသည်အထိ သူ့ဘေးနားမှလူက လုံးဝမလှုပ်သေးသည်ကို မြင်လိုက်ရသည်။ သူ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
" မင်းရော မသွားဘူးလား..."
ကျိုးရွှမ်လန်က ပြန်ဖြေသည်။
" ကျွန်တော်က ဘာလို့သွားရမှာလဲ..."" မင်း စိတ်မပူဘူလား... အကြီးအကဲစုက ဒဏ်ရာအကြီးအကျယ်ရထားတာလေ..."
ကျိုးရွှမ်လန်၏မျက်နှာထက်တွင် လှောင်ပြောင်သရော်သည့် အေးစက်စက်အမူအရာမျိုးပေါ်လာသည်။
" သူ ရှစ်စွမ်းရဲ့ရင်ခွင်ထဲမှာ သတိလစ်သွားတာကို အားလုံးမြင်တာပဲ... ဘာစိတ်ပူရမှာလဲ..."
ရှန်းလျိုရှန့်က သူ့အသံနေအသံထားနှင့် ပြောလိုက်သည့်စကားများကို အလေးအနက် တွေးတောနေသော်လည်း ကျိုးရွှမ်လန်က စုပိုင်ချယ့်ကို အမှန်တကယ် ဒေါသထွက်နေခြင်းလော၊ စုပိုင်ချယ့်က သူ့ရင်ခွင်ထဲ မရောက်လာ၍ သဝန်တိုနေသည်လောကို အတိအကျ မမှန်းဆနိုင် ဖြစ်နေသည။
ကျိုးရွှမ်လန် ခေါင်းငုံ့ထားပြီး သူ့အကြည့်များက သွေးထွက်နေသည့် လက်မောင်းထက်ကို ရောက်သွားသည်။ သူ ကျောက်စိမ်းပုလင်းလေးကိုယူ၍ ရှန်းလျိုရှန့်၏ ဝတ်ရုံလက်ကို မ'ကြည့်လိုက်သည့်အခါ ပြတ်ရှရာကြီးသုံးခုပေါ်လာသည်။ ထိုသုံးခုအနက်မှ တစ်ခုမှာ အရိုးပေါ်သည်အထိ နက်လွန်းလှသည်။
" ဒီတပည့်ရဲ့ အမှားကြောင့်ပါ..."
ကျိုးရွှမ်လန် မျက်လွှာချထားလိုက်ပြီးနောက် သူ၏ အုံ့မှိုင်းနေသော အကြည့်များကို ဖုံးကွယ်လိုက်သည်။
" တကယ်လို့ ကျွန်တော်သာ စောစောတုံ့ပြန်ပြီး အဲဒီလူရဲ့လက်နှစ်ဖက်ကို ဓားနဲ့ ဖြတ်ပစ်ခဲ့ရင် ရှစ်စွမ်းဒဏ်ရာရသွားမှာ မဟုတ်ဘူး..."
ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်ပြီး သူ့စကားများ၏ ဆိုလိုရင်းကို နားလည်ရန် ကြိုးစားနေချိန်၌ ဆေးမှုန့်များက သူ့ဒဏ်ရာပေါ် ရုတ်တရက်ကျလာသည်။
သူ့တစ်ကိုယ်လုံး ဆတ်ခနဲတုန်ယင်သွားပြီး နာကျင်မှုကြောင့် အော်ညည်းလိုက်မိသည်။