Chapter 26

2.8K 476 15
                                    

Chapter 26

သို့ရာတွင် ယခုနောက်ပိုင်းတွင်မူ သူတို့ဆရာတပည့်နှစ်ယောက်အကြားမှ သံယောဇဉ်က သိသာထင်ရှားလာသည်။ ကျိုးရွှမ်လန် ပြိုင်ပွဲအတွက် ပြင်ဆင်နေစဉ်တွင် ရှန်းလျိုရှန့်က တစ်ညလုံးတူတူလေ့ကျင့်ပေးခဲ့ပြီး  ပြိုင်ပွဲကွင်းထဲတွင် ဒဏ်ရာရနေသော ကျိုးရွှမ်လန်ကိုဖက်ပြီး ငိုယိုနေသည့် ရှန်းလျိုရှန့်၏ပုံစံကြောင့် အားလုံးရင်ထဲ ထိသွားခဲ့ရသည်။

သူတို့အကြားမှ သံယောဇဉ်က အလွန်နက်ရှိုင်းလွန်းပေသည်။

ကျိုးရွှမ်လန်က နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီးသည့်နောက်တွင် အင်မော်တယ်ရှန်းထံမှ ဆုလာဘ်ကို လက်ခံရတော့မည်ဖြစ်သည်။

အားလုံးက ထိုမြင်ကွင်းကိုတွေ့ရန် မျှော်လင့်နေကြသည်။

သို့သော်...
" ငါ မသွားဘူး..."

ရှန်းလျိုရှန့်က ပိုးထည်‌ထိုင်ခင်းတစ်ခုပေါ် သက်တောင့်သက်သာလှဲနေပြီး ခေါင်းအုံးပေါ် မေးတင်ထားကာ စပျစ်သီးအခွံခွာနေသည်။

" အရင်လိုပဲ မင်း ငါ့အစား သွားလိုက်လေ..."

လင်ဟွား သူ့နှဖူးကို ဖိနေလိုက်သည်။

" မင်းက ဂိုဏ်းထဲမှာပဲ နေတာနော်... လင်ရှောင်းခန်းမဆောင်ကို မျက်စိတစ်မှိတ်အတွင်းသွားရင် ရောက်တာကို ဘာလို့ ငါက မင်းကိုယ်စား သွားပေးရမှာလဲ..."

ရှန်းလျိုရှန့်က နှုတ်ခမ်းတွန့်ပြီး အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။

မမေးနဲ့ ငါ့ကိုအဲ့လိုတွေ လာမမေးနဲ့...

ကျိုးရွှမ်လန်ဆိုတဲ့ကောင်လေးက ဒီလို ထူးချွန်ဆုမပြောနဲ့ အနိုင်ရနိုင်တာကို ရှုံးချင်ယောင်ဆောင်ခဲ့လို့ အကောင်းဆုံးသရုပ်ဆောင်ဆုတောင် ပေးထားသင့်တာလေ....

သူ့ကို ခေါ်မရကြောင်းသိသည့်အခါ လင်ဟွားက စကားလမ်းကြောင်းပြောင်းလိုက်သည်။

" ငါကြားတာတော့ မင်းရဲ့တပည့်က ကြွယ်ချွန်းမြစ်မှာ လေ့ကျင့်နေတာ ရက်တော်တော်ကြာပြီတဲ့... အဲ့နေရာက အရမ်းအေးတာနော် အဲ့ကောင်လေးက ပိန်ပိန်ပါးပါးနဲ့ သနားစရာလေးကို..."

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now