Chapter 51

2.3K 408 6
                                    

Chapter 51

အခန်းတွင်းမှ ပဋိပက္ခဖြစ်နေသံများက တဖြည်းဖြည်းစဲသွားသည်။ ရုတ်တရက် တံခါးပွင့်လာပြီးနောက် ယဲ့ပင်းရန်ကို ခေါ်လိုက်ပေသည်။ ညွှန်ကြားချက်များကို နားထောင်ပြီးသည့်နောက်တွင် သူ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

" ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ် ဆရာ..."

လန်ရှောင်ရှန့်က အမွှေးတိုင်ထွန်းပြီးနောက် သတိထပ်ပေးလိုက်သည်။
" အိမ်မက်ဆိုးသားရဲက လျိုရှန့်ရဲ့မှတ်ဉာဏ်တွေကိုသုံးပြီး မင်းကိုတိုက်ခိုက်မှာ... ပုံရိပ်ယောင်တွေကို မယုံသွားဘဲ စိတ်ကိုကြည်လင်အောင်ထား... အိမ်မက်ဆိုးသားရဲရဲ့ အသွင်အစစ်ကိုရှာပြီး ဖမ်းလာခဲ့..."

" စိတ်ချပါ ရှစ်စွမ်း..."

ထိုအကြောင်းတွေးလိုက်သည့်အခါ ရှန်းလျိုရှန့်၏မှတ်ဉာဏ်များထဲတွင် သူ့စိတ်အခြေအနေကို သက်ရောက်နိုင်သည့်အရာတစ်ခုမှ မရှိပေ။ သို့ဖြစ်၍ အိမ်မက်ဆိုးသားရဲက သူ့ကိုမည်မျှ လှည့်စားသည်ဖြစ်စေ သူ့ကိုမသက်ရောက်နိုင်ပေ။

ယဲ့ပင်းရန် ထိုအကြောင်းတွေးနေလျက် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် နှင်းပွင့်များ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။

ဆောင်းရာသီအလယ်တွင် ဓားဂိုဏ်းတစ်ခုလုံးက အဆုံးမဲ့နှင်းမှုန်များဖြင့် ဖုံးလွှမ်းနေပြီး တောင်ထွတ်အားလုံးက ငွေရောင်သန်းနေသည်။ တောင်အနောက်ဘက်မှ ကွင်းပြင်လွတ်ကြီးတွင်လည်း အဖြူရောင်နှင်းများ ဖုံးနေသည်။

ယဲ့ပင်းရန်က ‌ဓားကိုင်ထားသည့် လက်သေးသေးလေးကိုကြည့်ပြီး နှင်းစက်များအကြား ရပ်နေမိသည်။

ထိုမြင်ကွင်းက သူနှင့်အလွန်ရင်းနှီးလွန်းနေသည်။ သူ ဓားဂိုဏ်းထဲရောက်ပြီး ပထမဆုံး နှစ်နှစ်တွင် သူ၏နေ့ရက်များကို အိပ်စက်အနားယူခြင်း၊ စားသောက်ခြင်း နှင့် ‌ဓားဂိုဏ်းအနောက်မှတောင်တွင် ဓားရေးလေ့ကျင့်ခြင်း တို့ဖြင့်သာ ကုန်ဆုံးခဲ့သည်။

သူ့လက်ထဲမှဓားမှာ သူ၏ ပထမဆုံးဓား "လီထျန်း" ဖြစ်သည်။ နောက်ပိုင်းတွင် အန္တရာယ်များသော အခြေအနေတစ်ခု ကြုံတွေ့ခဲ့ရ၍ ထိုဓားက သူ့ကို ကယ်တင်ချိန်တွင် ကျိုးသွားခဲ့ရသော်လည်း အပိုင်းအစများကို သူ့အခန်းထဲတွင် သိမ်းထားဆဲဖြစ်သည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now