Chapter 80

1.4K 250 5
                                    

Chapter 80

ရှုရှင်းချန်မှာ သူ့မျက်စိရှေ့တည့်တည့်တွင် မြင်လိုက်ရသည့်အရာကို မယုံကြည်နိုင်သေးပေ။

ငါ ဒီလောက်ကြိုသတိပေးထားတာကို ဒီလိုတွေဖြစ်သေးတယ်ပေါ့လေ...

သူက နန်းတွင်းတွင် ကလေးဘဝတည်းက နေထိုင်ခဲ့ရသူဖြစ်၍ နတ်ဆိုးမျိုးနွယ်အပေါ် မုန်းတီးမှုများ မရှိသော်လည်း ရှန်းလျိုရှန့်က နတ်ဆိုးဘုရင်နှင့် ဤသို့ပတ်သက်နေခြင်းကို သူ မနှစ်သက်မိပေ။

ကျိုးရွှမ်လန်ထံတွင် ဖုံးကွယ်ထားသည့်အကြောင်းရင်းများ ရှိနေရုံသာမက သူတို့နှစ်ယောက်၏ ဆက်ဆံရေးက အမည်တစ်ခု အတည်တကျမရှိသည့်အပြင် သူတို့နှစ်ယောက်လုံးက တာအိုလက်တွဲဖော်များ မဟုတ်ကြပေ။ သို့သော် သူတို့နှစ်ယောက်သားက အိပ်ရာပေါ် ပွေ့ဖက်လူးလိမ့်နေပြီး တာအိုလက်တွဲဖော်များသာ အတူတူပြုလုပ်လေ့ရှိသည့်အရာများကို လုပ်နေသည်။

ဘယ်လိုတောင် မသင့်တော်တာလဲ...

အရှက်မဲ့လိုက်တာ...

အိပ်ရာပေါ်မှ ရှန်းလျိုရှန့်က သူ့မျက်နှာကို အမြန်အုပ်ထားလိုက်မိသည်။

ရှုရှင်းချန်က သူနှင့် သူ့တပည့်ကို အထင်လွဲသွားပြီဟု သူ  ထင်လိုက်မိသည်။ အကယ်၍ ထိုမြင်ကွင်းကို မြင်သွားခဲ့ပါက မြစ်ဝါမြစ်ထဲ ခုန်ချလျှင်ပင် သန့်စင်အောင် ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။

ကျိုးရွှမ်လန် မျက်လုံးများပွင့်လာပြီးသည့်နောက်တွင် သူ့အမူအရာက တည်ကြည်နေသည်။ သို့ရာတွင် ရှုရှင်းချန်၏ လူသတ်လုမတတ်အကြည့်များအောက်တွင် ရှန်းလျိုရှန့်ကိုဖက်ထားခြင်းက မသင့်တော်ဟုထင်လိုက်၍ မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်သည်။

ရှန်းလျိုရှန့် ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက် ဤ‌အခြေအနေမှ ထွက်မပြေးနိုင်တော့ကြောင်းသိလိုက်၍ အိပ်ရာပေါ်ထထိုင်ပြီး သူ့ကိုယ်သူ ကယ်တင်ရန် ပြင်ရတော့သည်။

" အ အထင်လွဲနေတာပါ မနေ့ညက..."

" စကားမပြောခင် အဝတ်အရင်ဝတ်လိုက်ဦး..."

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now