Chapter 53
" ရှစ်စွမ်း ကျွန်တော်နဲ့တူတူ ထွက်သွားမလား..."
မီးရောင်မှိန်ပျပျသာ ကျန်ရှိနေသော လှိုဏ်ဂူထဲတွင် ကျိုးရွှမ်လန်၏မျက်နှာတစ်ဝက်ကို အမှောင်ထုက ဖုံးလွှမ်းနေ၍ သူ့မျက်နှာအစိတ်အပိုင်းများက သုံးဖက်မြင်ပုံစံ ဖြစ်နေသည်။ရှန်းလျိုရှန့် တွန့်ဆုတ်သွားပြီး မေးလိုက်သည်။
" ငါတို့အရင်တုန်းက နမ်းခဲ့ဖူးလား..."အစောပိုင်းက သူ့စိတ်ထဲတွင် မှတ်ဉာဏ်အပိုင်းအစအချို့ ဖျတ်ခနဲပေါ်လာသည်။ ကြည့်ရသည်မှာ သူ့ရှေ့မှလူက သူ့ကို ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်တွင် နမ်းခဲ့ပုံရသည်။
ထိုမှတ်ဉာဏ်များ ရုတ်ချည်းပေါ်ထွက်လာခြင်းကြောင့် သူ လန့်သွားပြီး တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားက ထိုလူကို မတွန်းထုတ်နိုင်အောင် ဖြစ်လာသည်။
ကျိုးရွှမ်လန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး ရှန်းလျိုရှန့်၏ ချောမွတ်နေသောနှဖူးပြင်ကို နမ်းလိုက်သည်။
" ရှစ်စွမ်း အရင်တုန်းက ကျွန်တော့်ကို ဒီလိုနမ်းဖူးတယ်လေ..."" ဒါဆိုရင်တော့ အဲဒါ မင်းမဟုတ်လောက်ဘူး..."
ရှန်းလျိုရှန့်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။သူက ဘာကိစ္စ တစ်ယောက်ယောက်နဲ့ အဲ့လိုမျိုး လုပ်ရမှာလဲ...
" ဒါဆို အဲဒါဘယ်သူလဲ မသိဘူး..."ကျိုးရွှမ်လန်၏ မျက်နှာထက်မှအပြုံးက အေးခဲတောင့်တင်းသွားသည်။
ငါ မဟုတ်ဘူးဆိုရင် ဘယ်သူလဲ...
ကျိုးရွှမ်လန်၏ခေါင်းထဲတွင် နာမည်များ တန်းစီပေါ်လာသည်။ သူ ခဏတာ ငြိမ်သက်သွားပြီးနောက် စိတ်ထဲတွင် ကပျာကသီနှင့် ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။
" ရှစ်စွမ်းက ဘာလို့ လူအများကြီးကို ဆွဲဆောင်နိုင်ရတာလဲ..."ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားမိသည်။
ကျိုးရွှမ်လန်၏ သူ၏ တဖျတ်ဖျတ်လှုပ်နေသော မျက်တောင်ရှည်များ၊ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နေသော ပုံပန်းသွင်ပြင်ကိုကြည့်ကာ သူ့မျက်လုံးများ အနည်းငယ် နက်မှောင်လာသည်။ သူက ဩရှရှအသံတိုးတိုးဖြင့် ပြောလိုက်သည်။