Chapter 10

3.4K 493 4
                                    

Chapter 10

ပြတင်းပေါက်ကို တင်းကြပ်စွာပိတ်ထားပြီး အတွင်းထဲတွင်လည်း ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်က လင်းလက်နေသည်။

စုပိုင်ချယ့်က လက်ထဲတွင် ဆံညှပ်တစ်ခုကိုကိုင်ထားလျက် စားပွဲတွင်ထိုင်နေပြီး ရံဖန်ရံခါတွင် မီးစာတိုင်နှင့် ဆော့ကစားနေသည်။

" ယဲ့ပင်းရန် ထွက်သွားပြီ..."

သူ နှာမှုတ်လိုက်ပြီး အထင်အမြင်သေးသည့် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

" အခု ရှန့်မင်သစ်သီးကိုရဖို့ ငါဘယ်လိုလုပ်ရတော့မှာလဲ..."

သူက ယဲ့ပင်းရန်ကို ချင်းလင်ဂိုဏ်းတွင် ရက်အနည်းငယ်ခန့် နေထိုင်ခိုင်းရန် မူလက စီစဉ်ထားခဲ့သော်လည်း ယဲ့ပင်းရန်က ယခုအခါတွင် ဒဏ်ရာအပြင်းအထန်ရသွား၍ ရှန့်မင်သစ်သီးအတွက် ပြိုင်ပွဲဝင်ရန် အရည်အချင်းမပြည့်မှီတော့၍ စုပိုင်ချယ့်အတွက် အသုံးမဝင်တော့ပေ။

ရှန့်မင်းသစ်သီးက နှစ်တစ်ထောင်တွင် တစ်ကြိမ်သာပေါ်လာတတ်သည့် ဝိညာဉ်သစ်သီးဖြစ်သည်။ သစ်သီးထဲတွင်ပါဝင်သော ဝိညာဉ်စွမ်းအားက ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျင့်ကြံဆင့်ကို တစ်ဟုန်ထိုးမြင့်တက်သွားစေသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူတိုင်းက ထိုသစ်သီးကို ရယူချင်နေကြသည်။

ယခုအခါ ထိုဝိညာဉ်သစ်သီးက ချင်းလင်ဂိုဏ်းထဲတွင် ရှိနေသည်။ ဂိုဏ်းချုပ်ပြန်ရောက်လာသည်နှင့် ပြိုင်ပွဲကို စတင်တော့မည်ဖြစ်သည်။

အခန်းထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားပြီးနောက် အက်ရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။

မှိန်ပျပျ ‌ဖယောင်းတိုင်မီးရောင်နှင့်အတူ ထိုအသံက လျှို့ဝှက်ဆန်းကြယ်ပြီး ချောက်ချားစရာ ကောင်းလှသည်။
" လင်ယဲ့(ချင်းလင်ဂိုဏ်းချုပ်) ပြန်ရောက်လာတာနဲ့ မင်းကို နာနာခံခံနဲ့ ဝိညာဉ်သစ်သီးပေးလိမ့်မယ်... မင်းက ငါ့ညွှန်ကြားချက်တွေအတိုင်းလုပ်ပြီး အောင်းယွဲ့ကို သေချာဂရုစိုက်ဖို့ပဲ..."

" ခွေးတစ်ကောင်ကို ဂရုစိုက်ရတာ ဘာအသုံးဝင်မှာလဲ..."

စုပိုင်ချယ့်က အေးစက်စက်မျက်နှာဖြင့်ပြောလိုက်ပြီး ဆံညှပ်ကို စားပွဲပေါ်တင်လိုက်သည်။
" ခွေးဟောင်သံတစ်သံကြားရင်ကိုပဲ  ကျွန်တော် တော်တော်လေး စိတ်တိုနေရပြီ... ထုံရှီး ကျွန်တော့်ကို အသုံးဝင်တာတစ်ခုခု လုပ်ခွင့်ပေးလို့မရဘူးလား..."

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now