Arc 20.18

188 29 0
                                    

Unicode

ဒီမတိုင်ခင်က လင်းဟန်ယုက သူ့အစ်ကိုရဲ့ ထင်မြင်ချက်​တွေကို မယုံခဲ့​ပေ။

ယခုမူကား....

ဟွားမန်မန် သည် လူသားဟုတ်ပုံမရ​ချေ။
လူတစ်​ယောက်က အခြားလူတွေကို သတ်​နေတဲ့အခါ အေးဆေးတည်ငြိမ်​နေစရာ အ​ကြောင်းမရှိ​ပေ။ သူမ၏အမူအရာက အစမှအဆုံးထိ အနည်းငယ်မျှပင်ပြောင်းလဲခြင်းမရှိ​ချေ။

သူမကို လိုက်ဖမ်း​နေသူများဟာ စက်ရုပ်တစ်စုမျှသာဖြစ်ပြီး ထိုအသက်မဲ့စက်ရုပ်များကို သတ်ပစ်နေသကဲ့သို့ပင်။ အကယ်၍ သူမသာ လူသားတစ်ဦးဖြစ်ခဲ့လျှင်​တော့ အလွန်ကြောက်စရာကောင်း​​ပေလိမ့်မည်။

လင်းဟန်ယုက စပ်စုတတ်သူတစ်ဦးဖြစ်ပြီး အ​တွေးများ​နေလျက်ပင် ရှီရှန်း၏အ​နောက်ကို ကားဖြင့်လိုက်နေသေးသည်။

"အဟွတ်..အဟွတ်…"

ရှီရှန်းက သွေးအန်ချင်စိတ်ကို မနဲထိန်းထားရပြီး  သူမ၏ ခန္ဓာကိုယ်က ယိမ်းယိုင်​နေခဲ့၏။

'တော်ပြီ ​တော်ပြီ ငါ မခံနိုင်တော့ဘူး'

သူမသည် လင်းဟန်ယု၏ ကားကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချပြီးနောက် ကားဆီသို့ ဦးတည်သွားခဲ့သည်။

ထို့​နောက် သူမ ကားတံခါးကို ဆွဲဖွင့်ပြီး ဝင်သွားလိုက်​တော့သည်။

"... ဟွားမန်မန်!?"

လင်းဟန်ယု တုန်လှုပ်သွားခဲ့၏။

"အခု မောင်း​တော့"

"အိုး...ကောင်းပြီ"

လင်းဟန်ယုက ချက်ချင်းတုံ့ပြန်ပြီး ကားအရှိန်ကိုမြှင့်လိုက်သည်။

..........

ရှီရှန်းက ကား​ရှေ့ခန်း passenger seatမှာထိုင်ပြီး သူမ၏ လည်ပင်းကို လက်ဖြင့် အရင်စစ်ဆေးကြည့်​သော်လည်း လည်ပင်းမှာ ထူးထူးခြားခြား ဘာမှမခံစားရ​ပေ။

သူမလက်များတွင်လည်း ဆေးထိုးအပ်ရာတွေကလွဲလို့ အရေပြားအောက်မှာ ဘာမှမရှိ​ချေ။

"ဘာရှာနေတာလဲ?" 
လင်းဟန်ယုက  ရှီရှန်း သူမ၏လည်ပင်းနှင့် လက်များကို စမ်းသပ်ကြည့်​နေသည်ကို
စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 07 ⏰

Add this story to your Library to get notified about new parts!

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now