အခန်း(၈) ​ယောက်ျား​တွေကိုကြိုက်​တာမလား?

10.8K 1.1K 91
                                    

မျက်နှာသေကြီးနဲ့ တုန်လှုပ်စရာကောင်းတဲ့ စကားတွေကို ပြောလာသော ရေခဲတုံးကြီးကို ကြည့်ရင်း နန်ရှီ အိမ်မက်မက်နေသလို ခံစားလိုက်ရသည်။ ထို့နောက် သူမ၏ခေါင်းကို ဖြေးဖြေး ကိုင်ရင်း...

"ဆရာဝန်.. ဆရာဝန်ဘယ်မှာလဲ? ကြည့်ရတာ ကျွန်​မ ​ခေါင်းထိသွားတာ တော်တော်ပြင်းသွားလို့ ဦးနှောက်က သေချာအလုပ်မလုပ်နိုင်တော့ဘူးထင်တယ်. ကျွန်​မ ကယောင်ချောက်ခြားတွေ ဖြစ်နေတယ်"

တစ်ဖက်မှာတော့ သူမအပြင်, လုကျင်းလီကလည်း အပြစ်ကင်းစင်တဲ့ အင်နိုးဆန့်ပုံစံလေးနဲ့ "ငါ့ခေါင်းက ဘာမှမထိထားပါဘူး. ငါရော ဦးနှောက်ပျက်သွားတာများလား?"

နန်ရှီကတော့ သူမရှေ့က အမှန်တရားကို လက်မခံနိုင်ဖြစ်နေသည်။

သူမက ရတနာလေးကို ကယ်ပေးခဲ့တယ်။ အခု သူ့အဖေက ကိုယ်နဲ့ရင်းပြီး ပြန်ပေးချင်တယ်တဲ့လား?

အခြားတစ်ယောက်ဆိုရင်လဲ ဟုတ်သေးတယ်​​။ နဲနဲပါးပါးပဲ ကြည့်ကောင်းတဲ့သူဆိုရင်တောင် ကံကောင်းတဲ့ ကြည်နူးစရာ အဖြစ်အပျက်လေးတစ်ခုလို့ သတ်မှတ်လိုက်လို့ရ​သေး၏။

ဒါ...ဒါပေမဲ့ အခုပြောနေတာက လုထင်း​ရှောင်​ လု ထင်း ​ရှောင်​ Ahh!!!

ရုပ်ရည်ကိုပြောရမယ်ဆိုရင် နန်ရှီက ကြည့်လို့လှပါသည်​။ ဒါပေမဲ့ လုထင်းရှောင်က ဘယ်လိုလူကြီးလဲ? အချောအလှလေးတွေကို သူ မရေမတွက်နိုင်အောင် တွေ့ဖူးမှာပဲ။

သူက သူမကို သဘောကျရုံပဲဆိုရင် သူမ ဒီလောက်အံ့ဩမှာ မဟုတ်ဘူး။ လုထင်းရှောင်က သူမ ရုပ်ရည်ကိုကြည့်ပြီး ကစားကြည့်တာဆိုရင်တောင် နားလည်လို့ ရသေးသည်​။ ဒါပေမဲ့ သူအခုပြောလိုက်တာက 'လက်ထပ်ပါ' တဲ့။ ဒါကြီးက လုံးဝကြောက်ဖို့ ကောင်းလွန်းတယ်!

အရေးအကြီးဆုံးက ...

"ရှင်က ယောက်ျားတွေကို ကြိုက်တာ မဟုတ်ဘူးလား?" နန်ရှီ လွှတ်ကနဲပြောလိုက်သည်​။

"ဖွိ.. ဟားဟားဟားဟား... "လုကျင်းလီ အရယ်လွန်ပြီး လဲကျသွားသည်​။

လုထင်းရှောင် မျက်နှာကြီးက အိုးဖင်လို မည်းတက်သွား၏။ လူနာဆောင်တစ်ခုလုံး ချက်ချင်းအမှောင်ရိပ်တွေ သန်းလာသလိုပင်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now