အခန်း(၈၈) ပန်းရိုင်းက​လေး

6.7K 952 51
                                    

အုံကြွ​နေတဲ့ ဖန်​တစ်​အုပ်​ကြီးဟာ ၎င်းအဖြစ်​အပျက်​ကို ​တွေ့လိုက်​ရတဲ့အခါသမယဖွယ်​ တိကနဲငြိမ်​ကျသွားလျက်​ ... အမ်​မီသည်​လည်းပဲ ​ကြောက်​လန့်​တကြား ​မေ့​မျောမ,တက်​ပင်​ ဖြစ်​သွား​လေ၏။

ဖြူ ​လျော့​လျော့မျက်​နှာနှင့်​ နန်​ရှီသည်​ ထိုဖန်​တအုပ်​ကြီးအား ​အေးစက်​စက်​ပင်​ ​ဝေ့ကြည့်​၏။ "မင်းတို့​တွေ ပြဿ       နာ ရှာချင်​တယ်​ဆိုလဲ ... ငါ့ဆီပဲ တိုက်​ရိုက်​လာကြပါ၊ တခြားမဆိုင်​တဲ့သူ​တွေကို မထိခိုက်​ပါ​စေနဲ့"

"နင်​ ... ​ကြောင်​သူ​တော်​လုပ်​​နေတာ​တွေ ​တော်​ပါ​တော့ဟယ်​!"

"ဟုတ်​တယ်​! သူ​တော်​​ကောင်းမကြီးလို ဟန်​​ဆောင်​​နေတာ​တွေ ရပ်​လိုက်​​တော့! နင့်​လို အရှက်​မရှိတဲ့ ​မြေ​ခွေးမ,ကများ!"

နန်​ရှီမျက်​လုံးတို့က ပိုပြီးစူးရှလာလျက်​: "တို့ လူဆိုး၊ လူ​ကောင်းဆိုတာကို မင်းတို့ဘာကြည့်​ပြီး ဆုံးဖြတ်​လိုက်​တာလဲ? အ​ခြေအမြစ်​မရှိတဲ့ Weibo ​ပေါ်က ပို့စ်​​လေးတစ်​ခုနဲ့လား? ဒါမှမဟုတ်​ ဘယ်​ကမှန်းမသိတဲ့ ​ကောလဟာလသတင်း​တွေနဲ့လား? မင်းတို့​တွေက ငယ်​ပါ​သေးတယ်​၊ ဒါ​ပေမယ့်​ မင်းတို့တစ်​ခုခုမလုပ်​ခင်​ မင်းတို့ဦး​နှောက်​​လေး​တွေကို အရင်​သုံးပါလို့ ငါ​ပြောချင်​ပါတယ်​​နော်​. Idol(အိုင်​​ဒေါလ်​) ​တွေဆိုတာ သူတို့ဖန်​​တွေရဲ့အပြုအမူ​တွေအ​ပေါ်မှာ သက်​​ရောက်​မှုရှိကြပါတယ်​​နော်​၊ မင်းတို့​တွေရဲ့ ​ပြောဆိုမှု​တွေနဲ့ လုပ်​ကိုင်​ပုံ​တွေက မင်းတို့ Idol ​တွေကို ကိုယ်​စားပြုပါတယ်​​နော်​. မင်းတို့ရဲ့မသိနားမလည်​ခြင်း​တွေကို တစ်​စုံတစ်​​ယောက်​ရဲ့ အသုံးချ ခြင်းမခံ လိုက်​ရပါ​စေနဲ့​ ... အဲ့သည်​လိုမှမဟုတ်​ရင်​ မင်းတို့ Idol ရဲ့ ဂုဏ်​သတင်းကို မင်းတို့ကိုယ်​တိုင်​ ဖျက်​စီးမိသလို ဖြစ်​သွားမှာဆိုးတယ်​!"

(P.S kiley - ဒီ​နေရာမှာ​လေ နန်​ရှီ့ရဲ့ ​ပြောသွားတာ​လေး​တွေကို သ​ဘောကျတယ်​. တချို့ဖန်​​တွေက အရမ်းကို သူတို့idol အ​ပေါ်ဆန်းဆန်းတင့်​​တွေ ဖြစ်​ကြတယ်​​လေ. ကြာလာ​တော့ အဲ့သလို​တွေ​ကြောင့်​ idol ​တွေလူမုန်းများခံရတာ​တွေ ရှိပါတယ်​. အာ့​ကြောင့်​ ဖန်​ဒန်​​လေး​တွေ သိပ်​မဝါးကြပါနဲ့လို့. net. ​တွေမတူလဲ အနုပညာ​လောကသားအချင်းချင်းပဲဆိုပြီး ချစ်​ကြည်​ကြပါလို့. ကိုယ်​က​တော့ အစွဲမရှိဖူး multi ပါ​နော်​. ဘာလာလာအကုန်​​ဒေါင်းပါတယ်​ 😝)

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now