အခန်း(၉၈) မင်းတစ်​​ယောက်သာ ကုသ​ဆေး

5.8K 826 75
                                    

နှစ်​နာရီအကြာမှာ​တော့ ... လုကျင်းလီ ကြီးကျယ်​မြင့်​မြတ်​စွာ မိမိကိုယ့်​ကိုအနစ်​နာခံ​လေသည်​၊ သူမူးပြီး ​မှောက်​မသွားခင်​ထိ ​ကောင်​​လေးကျန်းမုရယ်​ဆီက မည်​သည့်​စကားတစ်​လုံးမှ ထွက်​ကျမလာ​ပေ။

စင်​စစ်​ ... ကျန်းမုရယ်​လည်း သူ့​နောက်​ဆုံးလစ်​မစ်​ ​ရောက်​​နေ၏၊ ဒါ​ပေမယ့်​ လုကျင်းလီက သူ့ဆီက စကားနှိုက်​ချင်​​နေတာကို သိ​နေတာမို့ ... သူ့ယခုချိန်​ထိတိုင်​​အောင်​ ​အောင့်​ခံထားရခြင်းဖြစ်​သည်​။

ဒီလိုအတင်းတုတ်​တတ်​သည့်​ ဦး​လေးရှိရတာ တကယ်​မလွယ်​ပါ​ပေ့...

နောက်​ပြီး လုကျင်းလီတစ်​​ယောက်​ ဘာလို့အသည်းအသန်​သိချင်​​နေရသည်​ရဲ့ ​နောက်​ကွယ်​က အ​ကြောင်းအရင်းကို သူ ရိပ်​မိ​နေသလိုလိုပါပင်​။ သို့​သော်​ သူ့​ခေါင်းတခုလုံးက ယခု​လော​လောဆယ်​မှာ ​ရေမြှုပ်​ကာမူး​နောက်​​နေသည်​မို့ သူဘာကိုမှ စဉ်းစားလို့မရပါ။

စားပွဲဝိုင်း၌ လုထင်း​ရှောင်​သာလျှင်​ မမူးပဲရှိ​နေသည်​။

လုထင်း​ရှောင်​က အိမ်​​တော်​ထိန်းကို လှမ်း​ခေါ်၍ လုကျင်းလီ ​ခေါ်သွား​စေ​လေသည်​။ ​နောက်​​တော့ မတ်​တပ်​ထရပ်​၍ သူ့​ခြေလှမ်းများ ဧည့်​ခန်းထဲသို့ ဦးတည်​​စေသည်​။

သူ့မြင်​ကွင်း​ရှေ့တွင်​ ကြိုဆို​နေသည်​က ဆိုဖာ​ပေါ်တွင်​ ပူးကပ်​လျက်​သားဖြင့်​ အိပ်​​ပျော်​​နေကျသည့်​ ရတနာ​လေးနှင့်​ နန်​ရှီတို့ဖြစ်​၏ ... သူတို့​ရှေ့က တီဗီထက်​တွင်​ ဂိမ်းမှ 'Pass' ဆိုသည်​က ပွင့်​လျက်​သား။

လုထင်း​ရှောင်​သည်​ ​ခြေကို​ဖော့၍ အနားသို့​လျှောက်​သွား၏။

မိန်းက​လေးသည်​ သူမရင်​ခွင်​အတွင်းဝယ်​ အိညက်​ဖြူ ဝင်းတဲ့ ​ပေါက်​စီ​လေးတစ်​​ယောက်​အား ဖက်​ထား၏။ သူမရဲ့နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေသည့်​ နှစ်​လို့ဖွယ်​မျက်​နှာ​လေးက သူ့အား ရာထူးဂုဏ်​ရှိန်​စည်းစိမ်​တို့ကို လွှတ်​ချချင်စိတ် ဖြစ်​​​ပေါ်လာ​စေပြီး ​ကျန်​ဘဝတစ်​​လျှောက်​လုံးကို သူမနှင့်​အတူ ​အေး​အေးချမ်းချမ်းဖြတ်​သန်းသွား​စေမိသည်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now