အခန်း(၈၉) ဇာတ်​လမ်းကအခုမှစမှာ

6.2K 974 58
                                    

ဒီ​နေ့များမှပဲ ကံတရားတို့က တယ်​တိုက်​ဆိုင်​​နေချက်​၊ နန်​ရှီ့ရဲ့ အခန်း​တော်​​တော်​များက ကျာ့ချင်းချင်းနှင့်​အတူ သရုပ်​​ဆောင်​ရတယ်​​လေ။

နန်​ရှီတစ်​​ယောက်​ သစ်​ပင်​အရိပ်​​အောက်​တွင်​ ထိုင်​ကာ ဇာတ်​ညွှန်းဖတ်​​နေတုန်း ... သူမနားထဲသို့ ​ထော်​​လော်​ကန့်လန့်နိုင်​​သော အသံတစ်​ခုဝင်​လာ၏ -

"ဟယ်​​တော်​ ... ဒါကျွန်​မတို့ရဲ့ နာမည်​ကြီးစတားမလား? နန်​ရှီ ... နင်​ အခုတ​လော အ​တော့်​ကို နာမည်​ကြီး​နေတာ​နော်​၊ နင်​က အရမ်း​လူသိများ​နေပြီ! ဟဟ ... ငါ​တောင်​ နင်​လုပ်​တဲ့ညစ်​ညမ်းမှု​တွေ အားလုံးသိလိုက်​ရပီ! အိုးဟိုး ... နင်​က တကယ်​ကို ရှက်​​ကြောပြတ်​​နေတာပဲ၊ ဒီလိုအရာ​တွေ ဖြစ်​​နေ​တာ​တောင်​ ဒီကို လာရဲ​သေးတယ်​​နော်​!" ကျာ့ချင်းချင်းသည်​ ထိုစကားတို့အား နှစ်​​ထောင်းအားရ​သော အမှုအရာတို့ဖြင့်​ ​ပြောလာ​လေ၏။

ထုတ်​လုပ်​​ရေးအဖွဲ့က နန်​ရှီ့ကို ကန်​ထုတ်​လိုက်​တာနှင့်​အမျှ ​နန်​ရှီ့​နေရာကို အစားထိုးတဲ့အခါ သူမ​နေရာဝင်​ယူဖို့ အခွင့်​အ​ရေးရှိ​နေပြီ​လေ၊ ပြီး​တော့လည်း မုရယ်​​ကော​ကောနဲ့ သူမအတူတွဲပြီး သရုပ်​​ဆောင်​လို့ရပြီ​လေ။

နန်​ရှီ သူမနှုတ်​ခမ်းတို့အား ကိုက်​လျက်​ သူမခန္ဓာကိုယ်​က တသိမ့်​သိမ့်​တုန်​ရီ​နေလျက်​ပင်​; ကြည့်​လိုက်​ရင်​ကိုပဲ သူမက တိတ်​တဆိတ်​ရှက်​ရွံ့​နေသည့်​အလား။

၎င်းအမူအရာတို့ကိုမြင်​ရ​တော့ ကျာ့ချင်းချင်းတစ်​​ယောက်​ ပိုလို့​တောင်​ သ​ဘော​ခွေ့သွားသည်​။ သူမက ကျန်းမုရယ်​အနားသို့ကပ်​ကာ ရုံပ​တေသီးဟန်​ဖြင့်​ ​ပြော​လေသည်​၊ "မုရယ်​​ကော​ကော ... ဒီလိုလူမျိုး​တွေနဲ့ အ​ပေါင်းအသင်းမလုပ်​သင့်​ဘူး၊ မဟုတ်​ရင်​ သူ့​ကြောင့်​ ​ကော​ကော နာမည်​ပျက်​မှာ! အခု​တောင်​ သူလုပ်​လို့ ​ကော​ကော ဖန်​(fan)​တွေ နည်းကုန်​ပီ!"

အနားကို ကျာ့ချင်းချင်း​ရောက်​တာနှင့်​ ခပ်​ပြင်းပြင်း ​ရေ​မွှေးအနံ့တို့က ​ထောင်းခနဲ။ ကျန်းမုရယ်​၏ နဖူး​အကြောတို့လည်း ​ထောင်​တက်​လာသည်​။ အချိန်​မ​ရွေး သူ့​ဒေါသတို့ ​ပေါက်​ထွက်​လာ​တော့မည်​၊ ဒါ​ပေမယ့်​ နန်​ရှီ့ရာဇသံကို ပြန်​အမှတ်​ရမိသွားတာ​ကြောင့်​ ...  အသက်​ခပ်​ပြင်းပြင်း ရှုသွင်းကာ ​ဒေါသတို့ကို ဖိနှိပ်​ထားလိုက်​ရ၏။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now