အခန်း(၂၉) ​Boss ရဲ့ ဇနီးအ​လောင်းအလျာ

8.1K 1K 46
                                    

# ဒီ​တော့တဲ့လား? # ≥Ö‿Ö≤

နန်​ရှီ အာ​စေးကပ်​မိသွားတယ်​။ "Big Bossလု ... ရှင်​ အခြားကုမ္ပဏီက အနုပညာရှင်​တစ်​​ယောက်​ကို ကူညီပေး​နေတာကို ရှင့်​ရဲ့အလုပ်​သမား​တွေ သိရဲ့လား?"

ကြည့်​ရတာက​တော့...သူတို့က တခြားအ​တွေးမရှိတဲ့ပုံပါပဲ။ သူမက အခုမှ မထင်​မရှားတစ်​​ယောက်​ပဲရှိ​သေးတာဆို​တော့လည်း ဘယ်​လိုလုပ်​ ဒီနတ်​ဘုရားက သူမကို သိပါ့မလဲ​နော်​?

သူမ လုထင်း​ရှောင်​ကို လိုက်​မမှီ​တော့ဘူး။

# ​ဟေး ... ဒီ Glory World Entertainment က ရှင့်​ရဲ့လုစီးပွား​ရေးလုပ်​ငန်း​စုအောက်​က အခွဲတစ်​ခု​လေ! #

လုကျင်းလီက Glory World ကို အုပ်​ချုပ်​​သော်​လည်း ဒီ့​နောက်​က ​Final Boss က​တော့ လုထင်း​ရှောင်​ပဲ ဖြစ်သည်​။

လွန်​ခဲ့တဲ့ငါးနှစ်​က သူတို့​တွေ Glory World Entertainment ကို လွဲ​ပြောင်းယူပြီး​တဲ့အခါမှာ​တော့ လုစီးပွား​ရေးလုပ်​ငန်းစုက အနုပညာ​လောကထဲ ​ခြေလှမ်း လှမ်းလာပြီး​တော့ သူတို့သည်​ သက်​တမ်းအရင့်​ဆုံးနဲ့ အ​ခြေခိုင်​ဆုံးဖြစ်​တဲ့ကုမ္ပဏီဖြစ်​​သော Starlight Entertainment ကိုပါ ဆန့်​ကျင်ယှဉ်​ပြိုင်​လာနိုင်​ခဲ့ပြီး အနုပညာအင်​ပါယာတစ်​ခုကို ဖန်​တီးလာနိုင်​ခဲ့သည်​။

ဒီကုမ္ပဏီနှစ်​ခုရဲ့ လက်​ရှိပြိုင်​ဆိုင်​မှု​တွေက အရမ်းပြင်းထန်​သည်​။ အလုပ်​သမား​တွေ၊ အနုပညာရှင်​​တွေနဲ့ မန်​​နေဂျာများမှသည်​ စတိုင်​လစ်​​တွေနဲ့ အကူလက်​​ထောက်​​တွေအထိ လူအကုန်​လုံး စည်းခြားသွား​တော့သည်​။ တစ်​ချိန်​တည်းကို ကုမ္ပဏီနှစ်​ခုစလုံးက အလုပ်​သမား​တွေရဲ့ တိုက်​ပွဲ​တွေကလည်း ​အကြိတ်​အနယ်​ဖြစ်​လာသည်​။

လုထင်း​ရှောင်​က သူ့နာရီကို ငုံ့ကြည့်​လိုက်​တယ်​။ "အ​ရှေ့မှာ မီနီဗန်​ ​ရောက်​​နေပြီ. လမ်း​ပေါ်မှာပဲ မင်း မိတ်​ကပ်​ပြင်​ရလိမ့်​မယ်​. အဲ့ကို မင်း အမှီ​ရောက်​သင့်​တယ်​ဆို. သွားမလား...မသွားဘူးလားဆိုတာ မင်း အ​ပေါ်ပဲမူတည်​တယ်​"

နန်​ရှီ ရင်​ထဲအသည်းထဲက​နေပြီး​တော့ နာနာကြည်းကြည်းနဲ့ အံကြိတ်​လိုက်​တယ်​။ "ကျွန်​မသွားမယ်​!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now