အခန်း(၃၄) သဘောကောင်းတဲ့ အဖေ နဲ့ တာဝန်ကျေတဲ့ သမီး

7.9K 994 52
                                    

"ဥက္ကဌနန်က အလုပ်တွေရှုပ်နေတဲ့ကြားက ကျွန်တော်တို့ ဖွင့်ပွဲကိုတက်ရောက်ပေးလိမ့်မယ်လို့ မထင်ထားမိဘူး! ဂုဏ်ရှိလိုက်တာဗျာ!" ဒါရိုက်တာ​ကောက အံ့အားသင့်စွာ ပြောသည်။

"လာဗျာ…ဥက္ကဌနန်, ဒီမှာလာထိုင်!" နန်ယောင်ဟွာ သူ့သမီးဘေးမှာ ထိုင်နိုင်စေရန် ပရိုဂျုဆာဝမ်က သူ့ထိုင်ခုံကို ဖယ်ပေးလိုက်သည်။

နန်ယောင်ဟွာ နန်ရွှယ်​လျိုကို ကြည့်လိုက်တဲ့အချိန် သူ့မျက်နှာမှာ ဖခင်တစ်ယောက်ရဲ့ အချစ်တွေနဲ့ ပြည့်နေသည်။ "ခင်ဗျား ယဉ်ကျေးလွန်းနေပါပြီ…ဒါရိုက်တာ​ကောရယ်​. ကျွန်တော့သမီးကို ဂရုစိုက်ပေးပါဦးဗျာ"

"ဥက္ကဌနန်ရယ်, ပန်းသီးကြွေလဲ အပင်ကနေ ဝေးဝေးမရောက်ပါဘူးဗျာ…ခင်ဗျားသမီးက ထူးချွန်ပြီးသားပဲ… ကျုပ်ဂရုစိုက်မှုကို မလိုအပ်ပါဘူး!"

"ဒီကလေးက အမြဲအလုပ်များနေတော့ တွေ့ရခဲတယ်ဗျ. ကျုပ်သာဒီကိုမလာဖြစ်ရင် ဒီဖအေကြီးက သူ့ကို လုံးဝတွေ့ရမှာမဟုတ်ဘူး!" နန်ယောင်ဟွာလေသံက စိတ်အနှောင့်အယှက်ဖြစ်နေပုံပေါ်ပေမဲ့ သူ့မျက်နှာထားတော့ ခွင့်လွှတ်ထားပုံပေါ်နေသည်။

"ဟားဟားဟား, ရွှယ်​လျိုက အရမ်းအလုပ်ကြိုးစားတယ်…ခင်ဗျားပျော်သင့်တာပေါ့. ဒါပေမဲ့ ရွှယ်​လျို, သမီးလည်းမှားတယ်…ဘယ်လောက်အလုပ်များများ ကိုယ့်အိမ်ကိုတော့ သွားလည်ဦးမှပေါ့!" ဒါရိုက်တာကွမ်က ဆူသည်။

"ဟုတ်ကဲ့ပါ ဒါရိုက်တာကြီးရယ်…သမီးမှားသွားပါတယ်! ဖေဖေကလည်း စိတ်မဆိုးပါနဲ့. မနက်ဖြန်ညကျရင် အိမ်မှာ ညစာလာစားမယ်လေ!" နန်ရွှယ်​လျိုက နာခံတတ်တဲ့သမီးတစ်ယောက်လို နန်ယောင်ဟွာရဲ့ လက်မောင်းကိုဖက်ပြီး ချော့ပြောသည်။

"တွေ့လား…သူ(မ) အိမ်လာလည်ဖို့ကို ဒါရိုက်တာကြီးကို ကိုယ်စားပြောခိုင်းရတယ်!"

"ဖေဖေ, လူတွေအများကြီးကို…သမီးကိုနဲနဲမျက်နှာသာပေးပါဦး!"

"အေးပါ အေးပါ ဟုတ်ပါပြီ…သမီးက အခုနာမည်ကြီးနေပြီဆိုတော့ အဖေဘာမှပြောလို့ မရတော့ဘူးပေါ့!"

...

နန်ရှီ သူမရဲ့နှလုံးသားက သံမဏိဖြစ်နေပြီထင်ထားတာ…ဒါပေမဲ့ ဒီသဘောကောင်းတဲ့အဖေနဲ့ တာဝန်ကျေတဲ့သမီးတို့ ပြနေတဲ့ show ကိုကြည့်ပြီး  ရင်တွေမွန်းကျပ်လွန်းလို့ ထွက်ပြေးချင်လာတယ်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now