အခန်း(၅၅) လူတိုင်းက မိန်းက​လေး​တွေကို ဘယ်​လိုပိုးပန်းရမလဲဆိုတာကို သင်​​ပေးချင

8.3K 1K 110
                                    

တစ်စုံတစ်ယောက်ကို တကယ် ကြိုက်မိသွားတဲ့အခါ ဘယ်လိုခံစားရလဲလို့ ချင်​မုဖုန်း ကို သူ တစ်ခါမေးခဲ့ဖူးတယ်။ ချင်​မုဖုန်း ကတော့ သူ အဲ့ဒီတစ်စုံတစ်ယောက်ကို တွေ့တဲ့အခါ သိလိမ့်မယ် လို့ပြောတယ်။

အဲ့ဒီတုန်းကတော့ ချင်​မုဖုန်း ပြောတာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ သူထင်ခဲ့တယ်။

နန်ရှီကို တွေ့ပြီးတော့မှ ချင်​မုဖုန်း ရဲ့စကားက မှန်တယ်ဆိုတာ သူသိလိုက်ရတယ်။

"ဂုဏ်ယူပါတယ်ကွာ! asexual တော်တော်များများက သူတို့ရဲ့ တစ်ယောက်သောသူကို မတွေ့လိုက်ရဘဲ ဘဝတစ်ခုလုံးကို ရှင်သန်သွားရနိုင်တယ်!" ချင်​မုဖုန်း သူ့ရဲ့ သူငယ်ချင်းဟောင်းကြီးကို ဝမ်းသာအားရ ဂုဏ်ပြုလိုက်တယ်။

ကမ္ဘာပေါ်မှာ လိင်တူကြိုက်နှစ်သက်သူတွေ (homosexuals) နဲ့ လိင်ကွဲကြိုက်နှစ်သက်သူတွေ (heterosexuals) အပြင် လိင်တူရော လိင်ကွဲရော စိတ်မဝင်စားသူတွေ (asexuals) တွေလည်း ရှိတယ်။

Asexual တစ်ယောက် ဖြစ်နေခြင်းဟာ ရောဂါတစ်ခုမဟုတ်သလို လိင်စိတ်တိမ်းညွတ်မှု မသဲကွဲတာ ၊ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို ထုတ်ပြောရမှာ ကြောက်ရွံ့နေတာမျိုးလည်း မဟုတ်ဘူး။ အရှင်းဆုံးပြောရရင် asexuality ဆိုတာ 'လိင်မှုကိစ္စတွေကို စိတ်ဝင်စားမှု မရှိခြင်း' ဘဲ။

ဒီလိုအခြေအနေကြောင့် လွန်ခဲ့တဲ့ ၅ နှစ်တုန်းက သူ့အမေဟာ သူ့ကို ဆေးခပ်ဖို့ လုကျင်းလိကို ခိုင်းခဲ့တယ်လေ။

"အကောင်းပေါ် အကောင်းဆင့်တယ်ဆိုတာ ဒါမျိုးပဲ ဖြစ်ရမယ်. ကဲ .. ဆိုတော့ကား .. ဘယ်အချိန် မင်္ဂလာအရက် သောက်ရမှာလဲ?" ချင်​မုဖုန်း ခပ်နောက်နောက်ပြောလိုက်တယ်။

"ကြိုးစားနေတုန်းပဲ!" ဘယ်တော့မှ မရှုံးနိမ့်နိုင်တဲ့ လုထင်းရှောင်ရဲ့ မျက်နှာပေါ်မှာ ရှားရှားပါးပါးဘဲ မသေချာမရေရာမှုတွေ ရှိနေခဲ့တယ်။

ချင်​မုဖုန်း အံ့အားသင့်သွားရတယ်။

"တကယ်ကြီး ဘာမှမဖြစ်သေးဘူးလား? ငါက စီအီးအိုကြီးလုဘက်က သေချာလောက်ပြီလို့ ထင်ထားတာ! ဟုတ်ပါတယ်လေ .. မင်း​ကို ဖမ်းစားနိုင်တဲ့ မိန်းကလေးဆိုမှတော့ တစ်ခုခုထူးခြားတဲ့သူ ဖြစ်မှာပေါ့! ဒီတော့ မင်း ဒီတစ်ခေါက် ငါ့ခေါ်လိုက်တာ မိန်းကလေးတွေကို ပိုးပန်းနည်း သင်ခိုင်းမလို့လား? အတွေ့အကြုံမှာတော့ ဒုတိယသခင်လေးကို မယှဉ်နိုင်ပေမဲ့ သဘောတရားတော့ ငါ ကောင်းကောင်းကြီး နားလည်တယ်!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now