အခန်း(၉၀) ပန်းဖြူ ​လေးဇာတ်​ရုပ်

7.2K 992 65
                                    

ကံတရားတို့က ကျာ့ချင်းချင်းအတွက်​ မ​ကောင်းခဲ့​၊ သူမဟာ အနုပညာ​လောကထဲမှာ နာမည်​ဆိုးဖြင့်​ ​ကျော်​ကြားပါ၏ ... သူမက မကြာမကြာ ဒီလိုအပြုအမူမျိုး​တွေ လုပ်​​လေ့ရှိပါတယ်​။ သည့်​အပြင်​ သူမဟာ ရိုက်​ကွင်းအစကတည်းက နန်​ရှီ့အ​ပေါ် ပစ်​မှတ်​ထား​နေခဲ့တာမို့ မည်​သူတစ်​ဦးတစ်​​ယောက်​မှ သူမစကားအား ယုံကြည်​မ​ပေးနိုင်​ကြ​ပေ။

"ကျွန်​မအဆင်​​ပြေပါတယ်​ ဒါရိုက်​တာကြီး ... ကျွန်​မပါးစပ်​ကို ကိုက်​မိသွားရုံ​လေးပါ၊ ​ရေခဲ​လေးနဲနဲ​လောက်​ အုံ​ပေးလိုက်​တာနဲ့ ဖြစ်​ပါတယ်​. အစ်​မချင်းချင်းက ဇာတ်​လမ်းပို​ကောင်း​အောင်​ ကြိုးစား​ပေးတာပါ ... စိတ်​မဆိုးပါနဲ့​နော်​ ..."

နန်​ရှီ့မျက်​နှာ​လေးက မတရားခံလိုက်​ရ​ကြောင်း ထင်​ရှား​နေ​ပေမယ့်​ သူမက ဒါကို အပတ်​တကုတ်​ သည်းခံထား​နေ​ကြောင်းလဲ ပြသထား​ပေ၏။ သူမအမူအရာတို့က သ​ဘောထားကြီးကာ အပြုသ​ဘော​ဆောင်​​နေသည်​။

ဒီလိုအပြုအမူ​တွေ​ကြောင့်​ ဒါရိုက်​တာတင်​မက ရှိ​နေသူအားလုံးတို့သည်​ သူမအ​ပေါ် သနားဂရုဏာသက်​မိကြ​လေသည်​။

အနီးမှာရပ်​ကြည့်​​နေတဲ့ ကျန်းမုရယ်သည် ​သေ​စေနိုင်​​လောက်​သည့်​ အံ့ဖွယ်​အမူအရာတို့​ကြောင့်​ နှုတ်​ခမ်းတို့မဲ့ရွဲ့သွား၏။

{ထိုလူသား​ဟာ တကယ့်​ကြီးကို ပန်းဖြူ ​လေးလုပ်​​နေတာပဲ ...}

သူမ၏ နူးညံ့ကာ ထိခိုက်​လွယ်​သည့်​ သွင်​ပြင်​ကို မြင်​ရ​တော့ ကျာ့ချင်းချင်းစိတ်​တို့ ခဏတွင်းချင်းပင်​ ပွင့်​ကန်​လာ​ပေသည်​။

"နန်​ရှီ ... နင်​ လူလိမ်​မ! နင်​ တမင်​လုပ်​လိုက်​တာ! နင့်​ပါးစပ်​ နင့်​ဘာနင်​ ကိုက်​လိုက်​ပြီး​တော့! နင့်​ပါးစပ်​ထဲမှာ ​သွေးအိတ်​အဆင့်​သင့်​ထား ထားတယ်​မဟုတ်​လား?!"

"ကျာ့ချင်းချင်း၊ ​တော်​သင့်​ပြီ!" ​ကောချီရှန်းက သူမအား မျက်​နှာထားတင်းတင်းဖြင့်​ လှမ်း​ငေါက်​​လေသည်​။

ဘေးနားက ကျာ့ချင်းချင်းရဲ့လက်​​ထောက်​လည်း အ​ခြေအ​နေ​တွေ ဒီထက်​ပိုဆိုးလာကုန်​မှာဆိုးလို့ မ​နေသာဘဲ ဝင်​ပါရ​တော့၏၊ ဒါမို့ သူမကို အ​နောက်​က​နေ ဝင်​ဆွဲကာ ​နားချ​တော့သည်​ , "လာပါ​တော့ အစ်​မချင်းချင်းရယ်​! ဒါရိုက်​တာကြီးကို စိတ်​တို​အောင်​မလုပ်​နဲ့​တော့! ပြီး​တော့ ကျွန်​မတို့ဘက်​ကလည်း အပြစ်​မကင်း ... "

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now