အခန်း(၃၆) မင်္ဂလာရှိလိုက်​တာ!

7.6K 896 67
                                    

"အစ်​ကိုယန်​ရယ်​...ဘာလို့​ရောက်​လာတာလဲ? ညီမကို လာ​ခေါ်စရာမလိုပါဘူးဆို" နန်​ရွှယ်​လျိုက သူမရဲ့လူ့ဆီသို့ ငှက်​က​လေးတစ်ေ​​ကာင်လိုပဲ ​ပျော်ေ​ပျာ်ကြီး ​​တဖျပ်​ဖျပ်​ခါ ​​သွားသည်​။

"ကိုယ်​စိုးရိမ်​လို့ပါ. အပြင်​မှာမိုး​တွေရွာ​နေတယ်​​လေ" ဆုယန်​က သူမကို လွှမ်းခြုံ​ပေးရန်​ သူ့အ​ပေါ်အင်္ကျီကို ချွတ်​လိုက်​တယ်​...သူအကြည့်​​တွေက​တော့ မ​ပျော်​သလိုပဲ။ "ဘာလို့ ​​ပါးပါးလေးလေး​တွေဝတ်​ထားရတာလဲ?"

နန်​ရွှယ်​လျိုရဲ့အမူအရာက ပျားရည်​လို ချို မြသွားတယ်​။ "အို ကိုကလဲ...ညီမအသက်​ကို ဘယ်​​လောက်​ထင်​​နေလို့ က​လေးလိုဆက်​ဆံ​နေတာလဲ?"

နန်​ရှီက​တော့ ​အေးစက်​တဲ့နံရံကို ယိုင်တိုင်တိုင်မှီ​​​ထားရင်း သူမ တကယ်​ပဲ ကံမ​ကောင်းဘူးဟု ​တွေး​နေမိတယ်​။

ဒီတစ်​ညလုံး သူမက နန်​ရွှယ်​လျိုနဲ့ဖခင်​​မေတ္တာပြပွဲကို မျက်​မြင်​​တွေ့လိုက်​ရုံသာမက နန်​ရွှယ်​လျိုရဲ့ချစ်​မှု​ရေးရာ​မှာပါ သူမ​လေးက ပွဲကြည့်​ပရိသက်​ဖြစ်​သွား​သေးတယ်​။

ဒါ​တောင်​ မလုံ​လောက်​​သေးပဲ ... နန်​ရွှယ်​လျိုက ဆုယန်​ရဲ့ လက်​​မောင်းကို ချိတ်​လျက်​ ရည်​ရွယ်​ချက်​ရှိရှိ သူမဆီသို့ ​လျှောက်​လာပြီး ရင်းရင်းနှီးနှီးစကား​ပြောလာတယ်​ , "ဂျူ နီယာညီမ​လေး...မင်း​သောက်​တာများတယ်​​နော်​. ငါ​​​တို့တူတူပြန်​ရင်​ဘယ်​လိုလဲ? ငါ့​ကောင်​​လေးနဲ့အတူ မင်းကို ပြန်​လိုက်​ပို့​ပေးမယ်​​လေ!"

နန်​ရွှယ်​လျို က ​'ငါ့​ကောင်​​လေး' ဆိုတဲ့ စကားလုံးကို တမင်​ဖိ​ပြောတယ်​။

အဲ့​အခါမှသာလျှင်​ ဆုယန်​က နန်​ရှီ့ကို သတိပြုမိသွားတယ်​။ သူမကို သူမြင်​လိုက်​တဲ့တခဏ...သူ့မျက်​လုံးအိမ်​​တွေ ကျဉ်း​မြောင်းသွားတယ်​။

နန်​ရှီ . . .

ဒါဟာအချိန်​​တွေကြာခဲ့ပြီ။

ဒီနှစ်​တွေအတွင်း ​​သူမ နိုင်​ငံခြားသို့သွားပြီး ပြန်​လာတဲ့အထိ သူတို့ တခါ​လေး​တောင်​ မျက်​နှာချင်းဆိုင်​ မ​တွေ့ဖြစ်​ကြဘူး ... သူ ရွှယ်​လျိုကို ကုမ္ပဏီထိသွားကြိုတဲ့ အချိန်​​တွေမှာ​တော့ သူမ​လေးကို အ​ဝေးကသာ​ ခဏတဖြုတ်​​လောက်​ပဲ မြင်​ခဲ့ရတာ။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now