အခန်း(၈၆) ဆိုင်​ကလုန်း​တွေ ထန်​ကုန်​ပြီ

6.8K 894 26
                                    

နန်​ရှီ​လေး ပယ်​ပယ်​နှယ်​နှယ်​ကြီးကို တိုက်​ခိုက်​ခံ​နေရပါပြီ ... မ​ကောင်းသတင်း အတင်းအဖျင်းတို့ကား တလွှင့်​လွှင့်​ ထူလျက်​။

မ​နေ့ညလယ်​​လောက်​ကြီးမှာ Weibo ရှိ နာမည်​ကြီးအတင်းအဖျင်း blogger(Page admin) တစ်​ဦးက ရှည်​လျား​သော ပို့စ်​တစ်​ခုကို ​တင်​လာခဲ့သည်​။ ​ခေါင်းစီးက​တော့ "ထိပ်​ဆုံး​ရောက်​ရန်​ ကုတင်​တကာ​ပေါ်တက်​ခဲ့တဲ့ မိန်းမပျက်​နန်​ရှီ" ၊ "သူ့​လောက်​အရှက်​မဲ့သူဆိုတာ မရှိနိုင်​​တော့ပါဘူး"

ထိုအထဲတွင်​ ပါဝင်​တဲ့အ​ကြောင်းအရာက​တော့ သူမက ဒီဇာတ်​ကားမှာပါဝင်​ရဖို့  တာဝန်​ရှိသူ ဒါရိုက်​တာများရဲ့ ကုတင်​​ပေါ်တက်​ခဲ့​ကြောင်း၊ ပိုက်​ဆံရှိ နွားအိုကြီးတစ်​​ယောက်​အား ချူ စားကာ သူမထံ လက်​​ဆောင်​ပစ္စည်းများ​ပေးရန်​ ဖြား​ယောင်း​ကြောင်း၊ ပြီး​တော့လည်း ဇာတ်​ကားအတူတူရိုက်​ရတာကို အသုံးချ၍ ကျန်းမုရယ်နှင့် ​​​​တမင်​တကာဇာတ်​လမ်းဆင်​​ကြောင်းတို့ပါ​ပေ...

အနှီပို့စ်​က ထပ်​​ပြောထားသည်​မှာ​တော့ သူမက ရိုက်​ကွင်းမှာလည်း သူမအခန်းတံခါးကို အမြဲတမ်းဖွင့်​ထားပါတယ်​တဲ့၊ ဒီ​တော့ သူမနဲ့အိပ်​ချင်​တဲ့ မည်​သူမဆို တံခါးမရှိဓားမရှိ အလွယ်​တကူ ဝင်​လို့်​ရပါတယ်​တဲ့။ ဒီလို​ပြောထား​တော့ သူမက ပြည့်​တန်​ဆာ​တောင်​မှ လမ်း​ဘေးကအဆင့်​အတန်းမရှိ စည်းလွတ်​ဝါးလွတ်​သာသာပဲ ရှိသ​ယောင်​လိုမျိုး အဓိပ္ပါယ်​သက်​​ရောက်​​စေပါတယ်​။

သက်​​ရောက်​မှုအ​နေနဲ့က​တော့ ... ကျန်းမုရယ်​ fan ​တွေ၏ ​ပေါက်​ကွဲသံစဉ်​​တွေ ထွက်​​လာ​တော့တာပါပဲ၊ ဖန်​ဒန်​တစ်​အုပ်​တစ်​မကြီးဟာ သူတို့ idol ကို ဒီလိုမိန်းမမျိုးနဲ့ အတူယှဉ်​တွဲလုပ်​ခိုင်းတာကို ကန့်ကွက်​​ကြောင်း ဆန္ဒထုတ်​​ဖော်​လာ​ပေသည်​။ သူတို့ဟာ ထုတ်​လုပ်​သူများကို ဒုတိယမင်းသမီးလဲခိုင်းဖို့ ဖိအား​ပေးလာကြ၏။

နန်​ရှီတင်​ထားတဲ့ ​နောက်​ဆုံးပို့စ်​​အောက်​မှာဆို ကွန်​မန့်​​တွေက သည်းမခံနိုင်​စရာ​တွေ​ပေ; သူတို့အားလုံးက ရုန့်​ရင်းရိုင်းစိုင်း​သော စကားလုံးရင့်​ရင့်​သီးသီး​တွေနဲ့ မန့်​ကြ၏၊ ဘာတဲ့ ... "ဟဲ့​ကောင်​မ နန်​ရှီ အနုပညာ​လောကက​နေ အခုချက်​ချင်း ထွက်​သွားစမ်း" ...

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now