အခန်း(၇၁) ပန်းဖြူ က​လေးအား အလစ်​သုတ်​မည့်​ လူဆိုး

7.1K 942 25
                                    

"စိတ်​မပူပါနဲ့ ... စိတ်​​အေး​အေးထားကြ! ကဲကဲ ဘယ်​အပိုင်း ​ကောင်းသလဲ ကြည့်​ရ​အောင်​!" ​ကောချီရှန်းက တက်​တက်​ကြွကြွနဲ့ပင်​ ဇာတ်​ညွန်းစာရွက်​တစ်​ခုလုံးအား လှန်​​လျော​လေသည်​။

နန်​ရှီခမျာ​တော့ ထိတ်​ထိတ်​ပျာပျာဖြစ်​လျက်​ကား
~ # ဒါရိုက်​တာကြီး​ရေ ... အခန်း46 ​ရွေးပါ​နော်​! ကျွန်​မ အဲ့အခန်းဆို က,ပြီး​တောင်​ သရုပ်​​ဆောင်​ပြချင်​​သေး ... ဇာတ်​ဖြတ်​​ကြေးလောင်းမလား ရတယ်​​နော်​! #

ထိုအခန်းက ... Sun Huanqing တစ်​​ယောက်​ သူကယ်​ဆယ်​လာခဲ့တဲ့ ဒုက္ခသည်​စခန်းမှ မိန်းက​လေးက သူ့အား ဖြား​ယောင်း​သွေး​ဆောင်​​လာ၏။ ဒါကို ​သွေးဆူလွယ်​တဲ့ Meng Changge အထင်​လွဲသွား​လေကာ သူက သူမအား လှည့်​စား​လေသည်​ဆိုတဲ့ အထိ အ​တွေးပွားသွားလျက်​ပင်​၊ ဒါ​ကြောင့်​မို့ သူ့အား ​ကောင်း​ကောင်းကြီး ​ဆော်​ပ​လော်​တီး​တော့သည်​.....

ကျန်းမုရယ်​က သူမစိတ်​အတွင်းအား ဖတ်​ရှုလိုက်​သည့်​အလား ... အနည်းငယ်​ ငုံ့ကိုင်း၍ သူမနားဆီသို့ ခပ်​တိုးတိုးဆိုလာ​လေ၏ ~ "သဲ​လေး ... မင်း ကိုယ့်​ကို ရိုက်​ဖို့ သိပ်​တက်​ကြွ ​နေတယ်​မလား?"

နန်​ရှီက​တော့ ဓာတ်​လိုက်​ခံရသကဲ့သို့ပင်​ ဝုန်းကနဲဆိုကာ အ​ဝေးသို့​ရွေ့သွား​လေတယ်​။ "ရှုး ရှုး ... ဟဲ့အ​ကောင်​ ... ​ဝေး​ဝေး​နေစမ်း!"

သည်​သကောင့်ကြောင့်​... သူမဆီ တိုက်​ရိုက်​ပစ်​လွှတ်​​နေတဲ့ အမုန်း​တွေလည်း အစိုင်​အခဲဖြစ်​လာပြီး တစက်​က​လေးမှ ဖယ်​ရှားလို့ ရမည့်​ပုံ မရှိ​တော့​ပေ။

အဲ့ဒီ ကျာ့ချင်းချင်းနဲ့ နန်​ရွှီလျိုဆီမှ မုန်​တိုင်းထန်​လာ​တော့မယ်​ ဆိုတာကိုလည်း သူမကြိုတင်​ခန့်မှန်းမိ ​နေပါပြီ၊ အထူးသဖြင့်​ ကျာ့ချင်းချင်းတစ်​​ယောက်​ သိပ်​မကြာခင်​ သူမအ​ပေါ် အခိုး​အငွေ့​တွေ ထုတ်​လွှတ်​​တော့မှာကို​ပေါ့။

အခု​တောင်​ သူမရဲ့​နေ့ရက်​​လေး​တွေမှာ အခက်​အခဲ​တွေက များလှပြီကို ... ​နောက်​တစ်​ခုက ထပ်​​ရောက်​လာ​သေးတယ်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now