အခန်း (၁၈) ချွေးမတစ်ယောက် အလိုရှိသည်. . .

8.5K 1K 75
                                    

တောင့်တောင့်ကြီးထိုင်နေကြတဲ့ သားအဖကို ကြည့်ရင်း မဒမ်လု စိတ်ပူရလွန်းလို့ ရင်နာလာမိတယ်။ "ထင်းရှောင်, မင်း…အမေပြောနေတာရော ကြားရဲ့လား? ပြီးတော့ ရတနာလေးက ဘာဖြစ်တာလဲ? သူ တစ်ချိန်လုံး ဘာမှလည်း မစားသေးဘူး. ဖုန်းကိုပဲ အဖိုးမဖြတ်နိုင်တဲ့ ရတနာတုံးလို ကိုင်ကြည့်နေတယ်!"

လုကျင်းလိ နံရိုးချိုချဉ်ကြော် ကိုက်နေရင်းက ပြန်ဖြေတော့ အသံက နည်းနည်း လုံးထွေးနေတယ်။ "ရတနာလေးက အန်တီလှလှလေး ဖုန်းဆက်လာတာ စောင့်နေတာ...!"

မဒမ်လု လုံးဝ နားမလည်လိုက်ဘူး။ "ဘာ အန်တီလှလှလေးလဲ?"

လုကျင်းလိက လက်ခါပြလိုက်တယ်။ "အမေတို့ အဖေတို့ စိုးရိမ်တော်မမူနဲ့တော့. အစ်ကို ကြိုက်နေတဲ့သူ ရှိနေပြီ!"

မဒမ်လုမှာ အံ့ဩဝမ်းသာသွားပေမယ့် မယုံရဲပြန်ဘူး။ "သား အမှန်တိုင်းပြောနေတာလား? ကျင်းလိ.., အမေတို့ကို မနောက်နဲ့နော်!"

ဒီတစ်ခါမှာတော့ မစ္စတာလုကပါ တူကို ချပြီး ကျင်းလိကို သံသယတွေနဲ့ ကြည့်လာတယ်။

"ကျနော်က အမေတို့ကို လှည့်စားစရာလား? ဒါတကယ်အမှန်တွေပြောနေတာ! အမေတို့ ကျနော့ကို မယုံရင်…အမေတို့သားကို မေးကြည့်ပေါ့!" ကျင်းလိက ပြောပြောဆိုဆို သူ့အစ်ကိုကို မေးထိုးပြတယ်။

"ထင်းရှောင်, မင်းညီလေး ပြောတာ တကယ်ပဲလား?" မစ္စတာလုက လေသံအေးအေးလေးနဲ့ မေးလိုက်တယ်။

"ထင်းရှောင်, တစ်ခုခုပြော​လေဟယ်​?" မဒမ်လုက သူ့ကို တွန်းအားပေးတယ်။

လုထင်းရှောင် ~ "အင်း..."

မဒမ်လု အတော်ကို စိတ်လှုပ်ရှားလာမိတယ်။ တအောင့်လောက်ကြာမှ "အင်း"ဆိုတဲ့ တစ်သံလေးပဲ ကြားလိုက်ရတာ။ သူမ စိတ်ပေါက်သွားလေရော။ "မလိမ်မိုး မလိမ္မာ သားမိုက်..., မအေကို စကားလေး တစ်လုံးလောက်ပိုပြောလို့ မရဘူးလား? နင်နဲ့ စကားပြောရခက်တာအေ...!"

လုထင်းရှောင် ~ "ဟုတ်တယ်..."

လုအဘိုးအဘွား ~ ". . . . ."

သူ တကယ်ကို တစ်လုံးပဲ ပိုပြောတယ်။

မဒမ်လု စိတ်မပူပဲ မနေနိုင်ပြန်ဘူး...သူမ မဝံ့မရဲမေးကြည့်မိတယ်..., "ထင်းရှောင်, သား ကြိုက်နေတဲ့သူက . . . . မိန်းကလေးလား...ယောက်ျားလေးလား?"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now