အခန်း(၈၃) အနမ်းများနှင့်အတူ နိုးထခြင်း

7.9K 1K 37
                                    

ညနက်ပိုင်းတွင်,

နန်ရှီတစ်ယောက် အတွေးပေါင်း ကုဋေကဋာ ပလူပျံလျက် အိပ်ရာထဲတွင် လှဲနေမိ၏။

သူမ ရုပ်ချောသော ယောက်ျားများကို အိမ်သို့ ခေါ်မည်မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးသည် သူမနဲ့အတူ အချိန်ဖြုန်းဖို့ ကြိုးစားကြလိမ့်မည်။ ထိုသို့ကြိုးစားသောသူတို့မှာလည်း နောက်ဆုံးတွင် လမ်းကျဉ်းလေးတစ်ခုထဲ၌ အရိုက်ခံရခြင်းဖြင့်သာ အဆုံးသတ်သွားကြမည်ဖြစ်သည်။

အထူးသဖြင့် လက်စွပ်အရာရှိသည့် လက်ထပ်ပြီးသား ယောက်ျားများနှင့် သူမတွေ့မိပါက ထိုသူတို့အား အမေကိုတကာ အော်ငိုရသည်အထိ ရိုက်နှက်မိပေမည်။

သူမရဲ့ အတူနေသည့် ကိစ္စအနေနဲ့ကတော့ ....

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အဲ့ဒါက ဝမ်းနည်းစရာကောင်းသည်။ သူမ အဲ့ဒီအရာကို လုပ်ခဲ့တဲ့ တစ်ခုတည်းသောအကြိမ်မှာ လွန်ခဲ့တဲ့ငါးနှစ်က အဲ့ဒီညပင်ဖြစ်သည် ....။

ဖြစ်နိုင်တာက သူမရဲ့ ပထမဆုံးအကြိမ်မှ အရိပ်မည်းကြီးက လွှမ်းမိုးသွားတာဖြစ်မည်။ သူမ အဲ့ဒီအရာကို စက်ဆုပ်ရွံရှာဖွယ်ကိစ္စလို့ပဲ အမြဲတမ်း ခံစားမိနေသည်။

ဒီညတော့ သူမ လုထင်းရှောင်ကို သူ့ရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်စေခဲ့မိပြီ။ ဒါပေမယ့်လည်း သူမမှာ ရွေးချယ်စရာ မရှိပေ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့လည်း ထွက်သွားခြင်း ဆိုတဲ့ခေါင်းစဉ်ကို သူမထုတ်ပြောရမှာပင်။ ဘာလို့များ သူမက အဲ့လိုမပြောရမှာလဲ။ပြီးတော့ အခြေအနေတွေ ထိန်းမနိုင် သိမ်းမရ မဖြစ်ခင် ဘာလို့ ထွက်မသွားရမှာလဲ။

သူမ သူ့ကို အရင်ထားခဲ့တာက သူမရဲ့အတိတ်က ဆိုးဝါးတဲ့အကြောင်းတွေ သူ့ရှေ့မှာ ဘူးပေါ်သလိုပေါ်ပြီး သူထားသွားတာကို ကြည့်နေရမှာထက်တော့ သာပါသေးသည်။

သူမရဲ့ တည်ငြိမ်မှုမရှိတဲ့ စိတ်အခြေအနေဟာ မျိုးစုံသော အိပ်မက်ဆိုးတို့ကို သူမအား ခြောက်လှန့်နေစေသည်။

ရှုပ်ထွေးဝေဝါးနေသော အိပ်မက်ပုံရိပ်ထဲတွင်တော့ အသံပေါင်းစုံတို့က သူမနား,နားကပ်ကာ အော်ဟစ်နေကြသည်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now