အခန်း(၉) လူ​တွေ့စစ်​​ဆေးမှုမမှီလိုက်​တဲ့မိန်းက​လေး

9.2K 972 17
                                    

ရုံးတက်ချိန်ဖြစ်သော်ကြောင့်ကားလမ်းပိတ်ဆို့နေခဲ့တယ်။ နန်ရှီ သည် ကားလမ်းကျပ်နေတဲ့အထဲပါခဲ့သော်လည်း အဲအချိန် သူမသရုပ်ဆောင်ပွဲသို့ရောက်ခဲ့တယ်။ သူမ နောက်ကျခဲ့တယ်။

ချန်းလိ က ဝန်းရံဂုဏ်ပြုနေတဲ့ လူတွေကြောင့်ပျော်နေတဲ့ နန်ရွှီလျို နဲ့ အဆောက်အအုံပြင်မှာ လမ်းလျှောက်ထွက်နေခဲ့တယ်။

ဘေးနားက အကွာအဝေးမှာ နန်ရှီ ပြေးလာနေရင်း ချွေးတွေစိုရွှဲနေတယ်။ နန်ရွှီလျို က သူမကို လွန်ခဲ့သော၅နှစ်က တူညီတဲ့မျက်နှာထားနဲ့ ကြည့်လိုက်တယ်။

သူမက နန်ရှီ ကိုပုရွတ်ဆိတ်တစ်ကောင်လိုကြည့်ခဲ့တယ်။

နန်ရှီ က နန်ရွှီလျို ကို van ကားထဲဝင်ပြီးချက်ချင်း ထွက်သွားတဲ့အထိ ကြည့်နေခဲ့တယ်။(နာမည်တွေ ရှုပ်သွားလားဟင်😁)နန်ရှီ မထွက်သွားပဲ အဆောက်အအုံထဲသို့ပြေးဝင်ခဲ့တယ်။

အဲအချိန်ထိနောက်မကျသေးခဲ့ပါ!

သူမရဲ့ရည်ရွယ်တဲ့ရည်မှန်းချက်ကိုသွားတဲ့ လမ်းခုလတ်မှာ သူမ ပျော်ရွှင်စွာစကားပြောနေတဲ့ လူစုထဲပြေးသွားခဲ့တယ်။သူတို့တွေက <The World> Drama အတွက် လူရွေးပေးတဲ့ ဒိုင်လူကြီးတွေဖြစ်နေခဲ့တယ်။

"ကျွန်မတောင်းပန်ပါတယ် နောက်ကျသွားတယ်!" လို့ဆိုပြီး ဦးညွှတ်ခါးညွှတ်တောင်းပန်လိုက်တယ်။

နန်ရှီ ကမမျှော်လင့်စွာ သူတို့ရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားတယ်လို့ သတိပြုမိကြတယ်...အချို့သော ဒိုင်လူကြီးတွေက မကျေနပ်စွာ မျက်မှောင်ကြုတ်ကြသည်။

နောက်ကျသောသူကို နှစ်သက်သောသူရှိပါသလား?

"လူတွေ့စစ်ဆေးမှုပြီးသွားပြီ" လို့ လက်ထောက်ဒါရိုက်တာက မျက်နှာရှုံ့ပြီး ပြောခဲ့တယ်။ "မြန်မြန်လုပ်မှုရဲ့အဓိကအချက်ကဘာလဲ?ယနေ့ခေတ်လူငယ်တွေကတော့ မှားပြီးရင်းမှားနေကြတယ်"

"အဓိကအမျိုးသမီးဇာတ်ဆောင် နေရာအတွက်သရုပ်ဆောင်ရွေးပွဲကို လာခဲ့တာမဟုတ်ပါဘူး!" လို့ နန်ရှီ ပြန်ပြောခဲ့တယ်။

"အမ်? အဓိကအမျိုးသမီးဇာတ်ဆောင်နေရာအတွက် လူတွေ့စစ်ဆေးမှုလာခဲ့တာ မဟုတ်လျှင်အစမ်းပွဲကို ဘာလို့လာတာလဲ?" လို့ ဇာတ်ညွှန်းရေးဆရာက စူးစမ်းစွာ မေးမြန်းခဲ့တယ်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now