အခန်း (၆၈) ဒေါသထွက်နေပေမယ့် ပြုံးထားတုန်းပဲ!

7.9K 1.1K 61
                                    

နန်​ရှီ​လေးဟာ ​နောက်​တစ်​​နေ့ မိုးလင်းတဲ့အထိ နှစ်​နှစ်​ခြိုက်​ခြိုက်​ကိုပင်​ အိပ်​​ပျော်​​နေကာ ပုံမှန်​​နေ့များလိုပဲ နိုးလာပါသည်​။

သူမ ညက ကောင်းကောင်းအိပ်ပျော်ပေမယ့် တစ်ခုခုမူမမှန်သလို ခံစားရတယ်။ ဘာလို့များ သူ့မ လျှာရဲ့ တစ်နေရာက နာကျင်နေရတာပါလိမ့်? သူမ အိပ်မက်ထဲမှာ ကိုယ့်လျှာ ကိုယ်ကိုက်မိတာများလား ...?

ကိုယ့်လျှာ ကိုယ်ပြန်ကိုက်မိတယ်လို့ ပြောဖို့က နည်းနည်း .... ပြင်းထန်လွန်းနေတယ် ...။

မနက်စာ စားပွဲမှာတော့ အရာအားလုံးက ပုံမှန်ပါပဲ ...။

ကြည့်​ရတာ​ လုထင်းရှောင်ကြီးက ဒီနေ့များတွင်​​တော့ အလုပ်သွားမယ့်ပုံ; Business suit နဲ့ သန့်ပြန့်နေပြီး သတင်းစာဖတ်ရင်း ကော်ဖီထိုင်သောက်နေတယ်။ သူ့ရဲ့မူမပျက်​မျက်​နှာ​သေ ခပ်​တည်​တည်​သွင်​ပြင်​ကဖြင့်​ မ​နေ့ညတုန်းက ဘာကိစ္စမှ ဖြစ်​ပျက်​ခဲ့ခြင်းမရှိခဲ့သလိုပင်​။

နန်ရှီ စိတ်သက်သာရရာသွားပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူမကပဲ အထိမခံ ရွှေပန်းကန် ဖြစ်လွန်းနေတာလား??

လုထင်းရှောင်အနေနဲ့ သူမအပေါ်မှာ မသေချာ မရေရာတဲ့ ခံစားချက်တစ်ချို့ ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မနာလိုဝန်တိုရမယ့် အဆင့်ထိတော့ မဟုတ်သေးဘူးမလား? အထူးသဖြင့် သူရဲ့ တူ အရင်းခေါက်ခေါက်ကြီးနဲ့လေ ....။

လုထင်းရှောင်ရဲ့ မျက်နှာအမူအရာက ပုံမှန်ပဲရှိနေပေမယ့် ပေါက်စီလေးကသာ နည်းနည်း ထူးဆန်းနေတာ။

တစ်မနက်လုံး သုန်မှုန်နေတာများ မသိရင် ​သူ့ဆီက တစ်ခုခု အလုခံလိုက်ရသလိုမျိုး ...။

နန်ရှီက သူ့ကို ဖက်ထုပ်ပေါင်း တစ်ခု ထည့်ပေးပြီး စိုးရိမ်စွာ မေးလိုက်တယ်။

"ဒါလင်​ ... ဘာဖြစ်လို့လဲ? မပျော်ဘူးလားဟင်?"

ပေါက်စီလေးဟာ အေးတိအေးစက်လုပ်နေတဲ့ သူ့အဖေကို ကြည့်လိုက်မိတာနဲ့ ပိုပိုပြီး ဒေါသထွက်လာရတယ်။ ဒါပေမဲ့ အန်တီရှောင်ရှီက သူ့အပြုံးတွေကို သဘောအကျဆုံးဆိုတာကို သတိရသွားတာကြောင့် သူ အဆင်ပြေကြောင်းပြဖို့ ခက်ခက်ခဲခဲ ကြိုးစားပြီး ပြုံးနေရှာတယ်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now