အခန်း(၉၂) ဝက်​အဖွဲ့ဝင်​[၁]

5.5K 894 25
                                    

ကြည့်​​နေကြသူ ဝန်​ထမ်းများ၏ မျက်​နှာအမူအရာများက ရှုံ့မဲ့ကအထင်​​သေးခြင်းများ ဖြစ်​တည်​လာ၏ -

"ကျာ့ချင်းချင်းက ... ဥာဏ်​ထိုင်းတယ်​ထင်​ပါ့? ဒါ​တွေပဲ ထပ်​ထပ်​​ပြော​နေတယ်​ ... ငါ​တောင် ကြည့်​ရင်း အလွတ်​ရသွားပြီ! နင်​က Meng Changge လား? နင်​က ဘယ်​လိုလုပ်​ Meng Changge ဖြစ်​နိုင်​မှာလဲ? Meng Changge က ​သေသွားပြီ​လေ! ဒီ​လောက်​လွယ်​တာ​လေးကို ... မှတ်​ဖို့ခက်​တယ်​ဆို​တော့ ... ဖြုတ်​ဦး​နှောက်​လားမသိ?"

"အင်​တာနက်​က ပို့စ်​မှာ​တော့ ... နန်​ရှီ့သရုပ်​​ဆောင်​ချက်​က စုတ်​ချာတယ်​တဲ့ ... အမယ်​​လေး အဲ့လူ​တွေ ကျာ့ချင်းချင်းရဲ့ အခုပုံစံကို မြင်​ချင်​စမ်းပါဘိ၊ အဲ့​တော့မှ ဘယ်​သူက ​သောက်​တုံးမှန်းသိမှာ!"

"တကယ်​​တော့ ... နန်​ရှီက မင်းသမီး​ကောင်း တစ်​လက်​ပါ၊ ​စောနက သရုပ်​​ဆောင်​သွားတာ​တွေ ​တွေ့လိုက်​တယ်​မလား ... သူ့(မ)အခန်းအားလုံး တဖြတ်​(one take)ထဲနဲ့ ပြီးသွားတာ​နော်​? သူ့မှာ NG(cut) ဆိုလို့ သူများ​တွေ မှားမှသာ ရှိတာ?"

"နင်​​ပြောတာ အဇမ်း​တွေ ... မှန်​​သောပါပဲ! ငါအရင်​က​လေ သူ့ကို ရုပ်​ရည်​​လေး​ကြောင့်​သာ မင်းသမီးဖြစ်​လာတယ်​ ထင်​​နေတာ ... ဘယ်​ဟုတ်​လိမ့်​မလဲ ... မ​နေ့က သူ Meng Changge အဖြစ်​သရုပ်​သွားတာ ကြည့်​လိုက်​မှ ... အားပါးပါးလက်​ဖျားခါ​လောက်​တယ်​! သူ ကျန်းမုရယ်​နဲ့ ကလူကျီစယ်​​နေတာကို ​တွေ့တာ​တောင်​ ... ဘာလို့လဲမသိဖူး ... ငါ ဘာမှမဖြစ်​ဖူး၊ အဲ့အစား ... သူတို့ကို ကြည့်​ရင်း ရင်​ထဲမှာ ဒိန်းတလိန်း​တွေ ဖြစ်​လာတယ်​ ... အသဲယားထှာဟယ်​ ... ဟီးဟီး!"

"ဟုတ်​ပ ... ဟုတ်​ပ! ငါလဲ မ​နေ့ကကြည့်​ပြီး အသဲ​တွေယှားထှာ ဆိုတာများ! သူတို့​တွေ သရုပ်​​ဆောင်​​နေတယ်​ ဆိုတာကြီးကိုပါ ​မေ့သွားတာ! ငါ့စိတ်​ထဲ သူ့ကို တကယ့်​ Meng Changge ကိုယ်​တိုင်​ ​ပြော​နေဆို​နေတယ်​ပဲ ထင်​​တော့တာ!"

...

နန်​ရွှယ်​လျို အ​ခြေအ​နေ​တွေကို ဒီလိုအဆမတန်​ ဆိုးဝါးလာလိမ့်​မယ်​လို့ ထင်​မထားဖူး၊ သူမ ရင်​ထဲမှာ ကျာ့ချင်းချင်း အ​ခေါက်​တစ်​​ထောင်​မက ဆဲဆို​နေပြီးပြီ။ အ​ပေါ်ယံမှာ​တော့ ... သူမက ဒီအ​ရေးအ​ပေါ် စိုးရိမ်​ပူပန်​​နေသည့်​ ပုံဖြင့်​ ကျာ့ချင်းချင်းအနား ​ရောက်​သွား​လေသည်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now