အခန်း(၈၂) သိပ်ပြန်ချင်နေလား??

7.3K 1K 60
                                    

နန်ရှီ သူမဘဝဟာ အဲ့ဒီအစားအစာတွေအပေါ်မှာ မူတည်နေဟန်နဲ့ လုထင်းရှောင်ရဲ့ ပန်းကန်ထဲကို ဟင်းတစ်ချို့ ထည့်ပေးလိုက်တယ်။

"ဟီးဟီး ... ကျွန်မ ... ကျွန်မက နောက်လိုက်တာပါ ... စိတ်မရှိပါနဲ့!"

လုထင်းရှောင်ကတော့ နည်းနည်းလေးတောင် ဒေါသထွက်နေတဲ့ပုံ မပေါ်ဘူး၊ သူ့ကိုကြည့်ရတာ စိတ်ကြည်နေတဲ့ပုံပဲ။ သူက ပေါ့ပေါ့ပါးပါးပဲ ပြုံးပြတယ်။

"အကြံက ကောင်းသားပဲ"

နန်ရှီ တောင့်ခနဲ ဖြစ်သွားပြန်တယ်။

"....."

# အဲ့ဒါက အကြံကောင်းလို့ သူ တကယ်ကြီး ထင်နေတာလား?! #

"နန်ရှီ"

လုထင်းရှောင်က ရုတ်တရက်ကြီး သူမကို လေးနက်တဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်တယ်။

အဲ့လို လေးနက်တဲ့ မျက်လုံးတွေရဲ့ အာရုံစိုက်ခံရခြင်းက နန်ရှီကို စိုးရိမ်ပြီး ကြောက်ရွံ့လာစေတယ်။

"ဘာ ... ဘာလဲ?"

"တကယ်လို့ မင်းစိတ်ပြောင်းသွားပြီဆိုရင် ငါ့ကို အချိန်မရွေး လာရှာနော်.." လုထင်းရှောင်က ပြောလိုက်တယ်။

နန်ရှီ သူပြောတာကို ကြားလိုက်ရတဲ့အခါ သူမရဲ့နှလုံးသားက တဒုန်းဒုန်း မြည်လာခဲ့တယ်။ သူက "သူ့ကို လက်ထပ်" ရမယ့်ကိစ္စကို ဆိုလိုတယ်ဆိုတာ သူမသိနေတယ်လေ။

အရင်တစ်ခါက သူမပြတ်ပြတ်သားသား ငြင်းပြီးတဲ့နောက် သူ အဲ့ဒီကိစ္စကို ပြန်ပြီးအစမဖော်ခဲ့ပေမယ့် သူမအပေါ် သူ့ရဲ့သဘောထားက ထူးခြားတယ်ဆိုတာ သူမခံစားမိပါတယ်။ ပြီးတော့ သူမတို့ကြားက အခြေအနေတွေကလည်း ပိုပြီး မသေချာမရေရာ ဖြစ်လာတယ်လို့ ခံစားမိတယ်....

အဆိုးဆုံးကတော့ ထိန်းမနိုင်လောက်အောင် ခုန်ပေါက်လွန်းနေတဲ့ သူမရဲ့ နှလုံးသားပါပဲ ...

ကျန်းမုရယ်ပြောသလိုပဲ သူမရဲ့ဦးနှောက်က လုထင်းရှောင်ရဲ့အလှတရားတွေနဲ့ တကယ်ကြီး လှည့်စားခံလိုက်ရပြီလား?

လွန်ခဲ့တဲ့ငါးနှစ်က မတော်တဆဖြစ်ပြီးကတည်းက သူမအနေနဲ့ ဘယ်သူ့ကိုမှ နောက်တစ်ကြိမ် ထပ်ချစ်မိမှာမဟုတ်တော့ဘူးလို့ ထင်ထားခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာပြသနာတွေနဲ့လည်း အချိန်အတော်ကြာအောင် သူမရင်ဆိုင်ခဲ့ရသေးတယ်။ ယောက်ျားတွေကို အလွန်အမင်း မုန်းတီးခဲ့ပြီး သူတို့ကို ရှောင်ဖယ်နေခဲ့တယ်; အထူးသဖြင့် ရိုင်းစိုင်းပြီးအသုံးမကျတဲ့ကောင်တွေကို တွေ့တဲ့အခါ သူမရဲ့နှလုံးသားထဲမှာ တောက်လောင်နေတဲ့ မကောင်းဆိုးဝါးစိတ်ဓာတ်တွေကို ဖိနှိပ်မထားနိုင်တော့ဘူး။ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ သူတို့ကို ရှင်းလင်းသုတ်သင်ပြီး ကောင်းကင်ရဲ့အလိုတော်အတိုင်းပဲ အပြစ်ပေးပစ်ချင်တော့တယ် .....

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now