အခန်း(၁၉) အံ့ဩသွားရသော မိဘနှစ်ပါး

8.3K 1K 43
                                    

နန်ရှီကတော့ ဖုန်းဆက်ရမလား၊ မဆက်ရဘူးလားဆိုပြီး ချီတုံချတုံနဲ့ အကြာကြီး ဆုံးဖြတ်လိုက်ရသေးတယ်။ နောက်ဆုံးတော့ သူမကို ပေးထားတဲ့ နံပါတ်ကို ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။

လွန်ခဲ့တဲ့ ငါးနှစ်က အဖြစ်အပျက်နောက်ပိုင်း သူမ ကလေးတွေကို သိပ်မနှစ်သက်လှဘူး။ တကယ်တမ်းဆို၊ သူမက ကလေးတွေ့ရင်တောင် ရှောင်ပြေးတတ်သူရယ်ပါ။

ကလေးမြင်ရင် သူမ အတွက် အတိတ်က ဖြစ်ရပ်ဆိုးတွေကို အမှတ်ရစေတယ်။ သူမ ဆုံးရှုံးလိုက်ရတဲ့ကလေးကို သတိရသွားစေတယ်. . .။

အဲ့ဒီ့ကလေးက သူမအတွက် အနွေးထွေးဆုံးသော မျှော်လင့်ချက်ရောင်ခြည်တွေ ပေးခဲ့တာ။ နောက်ပြီး သူမရဲ့ အညစ်ညမ်းဆုံးသော အတိတ်ကိုလည်း ကိုယ်စားပြုနေခဲ့တယ်။

ဒါပေမယ့် ဘာ့ကြောင့်ရယ်မသိ၊ ရတနာလေးနဲ့မှာတော့ စိတ်မသာမယာလည်း မဖြစ်မိဘူး၊ သူမ သူ့ကို ချက်ချင်းတောင် ရှင်းမပြနိုင်အောင် ချစ်သွားမိသေးတယ်။ သူ့အနားကို နီးကပ်နေချင်စိတ်ကို သူမ ဖျောက်ဖျက်လို့ မရခဲ့ဘူး။

ထူးဆန်းလိုက်တာ။

"ဟယ်လို . . . ဟယ်လို. . .?" ဖုန်းကိုင်လိုက်တယ်ဆိုပေမယ့် တစ်ဖက်က အသံမထွက်လာဘူး။

ရတနာလေးကိုင်တာဖြစ်ရမယ်လို့ တွေးမိပြီး နန်ရှီ ရယ်လိုက်တယ်။ "ရတနာလေးလား... ဆောရီးနော်... အန်တီ အခုမှ အလုပ်တွေပြီးလို့ ဖုန်းခေါ်နောက်ကျသွားတာ..."

ရတနာလေးက စကားမပြောနိုင်တော့၊ သူမကို ပြန်ဖြေပြောပေးလို့မရဘူး။ ဒီတော့ နန်ရှီလည်း သူမဘာသာ တစ်ကိုယ်တော်ပြောရင်း ပြောစရာ စကားစ ရှာနေရတယ်။

"အသည်းတုံးလေး... စားပြီးသွားပြီလား... သားသားက အရမ်းပိန်နေတာနော်... များများစားရမယ်နော်..."

"ကလေးဆိုတာ အစားကြေးမများရဘူး...! အစားရွေးနေရင် သားသား ထွားလာမှာမဟုတ်ဘူး...! ကလေးဆိုတာ ဝဝကစ်ကစ်လေးမှ ချစ်ဖို့ကောင်းတာ... သားသားက အခုလည်း အရမ်းချစ်ဖို့ကောင်းတယ်ဆိုပေမယ့်လို့ . . ."

"အိုး ဟုတ်သား. . . အန်တီ သားဖေဖေကို TV မှာ တွေ့လိုက်တယ်...! သူ လုပ်ငန်းဖက်စပ်တစ်ခုကို စာချုပ်ချုပ်တာ အောင်မြင်သွားတာလေ... သူက အရမ်းတော်တာပဲနော်... အန်တီကိုယ်စား သား ဖေဖေ့ကို ဂုဏ်ပြုပေးလိုက်ပါဦး. . .!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now