အခန်း(၉၅) ဖြစ်​လာမည့်​ အကျိုးဆက်

6.3K 918 47
                                    

လုကျင်းလီက​တော့ ချီးကျူး​ထောပနာနှင့်​ ဆုလာဘ်​​တော်​တို့အား လင့်​​မျှော်​​လေပြီ! လုထင်း​ရှောင်​ကြီးက ​စေတနာသဒ္ဒါတရားထက်​သန်​စွာဖြင့်​ တုန့်​ပြန်​လာ၏။ "ခွင့်​ရက်​ရှည်​ တစ်​လထပ်​တိုးလိုက်​!"

လုကျင်းလီ ဝမ်းသားလုံးဆို့ကာ ​နေရာမှာတင်​ ကျွမ်းနှစ်​ပြန်​​လောက်​ လိမ့်​ချင်​မိသွားသည်​ ... ဒါ​ပေမယ့်​ ချက်​ချင်းဆိုသလိုပဲ သူ နှ​မြော​နောင်​တကြီးစွာရ​လေ၏။ "အစ်​ကိုရာ ... လက်​​နှေးရင်​ ခွက်​ဆွဲရလိမ့်​မယ်​​နော်​ ... သူ့(မ)ကို တခါတည်း အပိုင်​သိမ်းလို့ရမယ့်​ အခွင့်​အ​ရေးကြီးကို? နှ​မြောစရာ​ကောင်းလက်​ထှာ!"

လုထင်း​ရှောင်​က သူ့အား ​အေးစက်​စက်​ကြည့်​၏။ "ငါ အဲ့သလို လုပ်​လိုက်​ရင်​ ​နောက်​ဆက်​တွဲ ဘာ​တွေဖြစ်​မယ်​ ထင်​သလဲ?"

"အင်း ...." လုကျင်းလီသည်​ သူ့​မေး​စေ့ကို ခပ်​ဖွဖွပုတ်​၍ အသံတိုးတိုးဖြင့်​ ​ပြော၏။ "အစ်​ကိုက တချိန်​လုံး ရတနာ​လေးအ​ကြောင်းပြပြီး သူ့စည်းတားမှုကို ​လျော့နည်း​စေ​နေတာ ... အာ့မို့ သူ တ​ဖြေး​ဖြေးနဲ့ အစ်​ကိုအ​ပေါ် သိပ်​သတိရှိမ​နေ​တော့ဖူး. အဲ့​တော့ အခု​နေ အစ်​ကို့ကစားပွဲ​လေးကို ​စော​စောအပြီးသတ်​မယ်​ဆိုရင်​... ​ရှောင်​ရှီရှီတစ်​​ယောက်​ ချက်​ချင်းပဲ ​​တောင်​​ပေါ် တက်​​ပြေးမှာ!"

လုထင်း​ရှောင်​ ~ "..." 😑

၎င်းက အမှန်​တရားပင်​ ဆို​ပေမယ့်​ ... လုကျင်းလီ၏ ဒီလို တဲ့တိုး​ပြောဆိုမှုကို ကြားရတဲ့အခါ ... သူ့စိတ်​သည်​ တကယ်​ကိုဆိုးရွားသွား၏။

တကယ်​​တော့ ယမြန်​​နေ့ညက သူမအ​ပေါ် ဒီလိုလုပ်​ဖို့ မရည်​ရွယ်​ထားပါဖူး၊ သည့်​​နောက်​ နန်​ရှီရဲ့ အကြီးအကျယ်​ ​ကြောက်​လန့်​သည့်​ အမူအရာနဲ့ အပြင်းအထန်​ငြင်းဆန်​သည့်​ ပုံရိပ်​များက သူ့​ခေါင်းထဲဝယ်​ ဖျက်​ခနဲ​ပေါ်လာ၏။

ဒါ​ကြောင့်​မို့ပဲ သည်​​နေရာမှာ သူဘာ​ကြောင့်​ ဒီလိုဖြစ်​ရသလဲဆိုသည့်​ နည်းလမ်းဖြင့်​ သူ​ဖြေရှင်းကာ သက်​​သေပြခဲ့ရသည်​၊ အဲ့သည်​လိုမှမဟုတ်​ရင်​ အဲ့သည့်​ဖြစ်​ရပ်​​ကြောင့်​ သူက တကယ်ပဲ ​နန်​ရှီ့ကို ထွက်​​ပြေး​စေမှာ စိုးထိတ်​မိသည်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now