အခန်း(၄၃) ထပ်​ကိုက်​ကြည့်​...!

8.2K 1K 15
                                    

ဒါမှမဟုတ်​ သူ ဘာမှမ​ပြောင်းလဲဘူး၊ သူတစ်​ခုခုကို ​ကောင်း​ကောင်းကြီး ဖုံးကွယ်​ထားတာ...ဒါ​ကြောင့်​ သူမ သူ့အရာအားလုံးကို ဘယ်ေ​တာ့မှ မသိရဘူး။

နန်​ရှီ​​လေး လုထင်း​ရှောင်​ရဲ့လက်​က ​အကွင်းလိုက်​သွားရာကြီးကို​တွေ့​​တော့ ဘာမှမစဉ်းစားပဲ ​မေးမိတယ်​ , "လု...လု ထင်း​ရှောင်​ ... ရှင့်​လက်​က ဘာဖြစ်​တာလဲ?"

လုထင်း​ရှောင်​က​တော့ ဒီ​သွားရာ​ဖျော့​ဖျော့​သေး​သေး​လေးကို ကြည့်​လိုက်​တယ်​...ထို့​နောက်​ သူမကို ပြုံးတုံးတုံးဖြင့်​ ကြည့်​လာ၏။ "မင်းဘယ်​လိုထင်​လဲ?"

နန်​ရှီ တံ​တွေးမျိုချလိုက်​တယ်​။ "အယ်​... ဒီသွားရာ​တွေက ... ကြည့်​ရတာ ​မြင်​ဖူးသလိုလိုဖဲ. . . "

လုထင်း​ရှောင်​က ချီးကျူးလိုက်​တယ်​။ "Good eyes"

"အဟွတ်​...Thanks" နန်​ရှီ အားနာနာနဲ့ပြုံးပြလိုက်​ပြီး​တော့ ဂရုတစိုက်​နဲ့ ထပ်​​မေးတယ်​ , "အဲ့ဒါ ကျွန်မလား?"

"ယို့ ... ကိုယ်​ မင်းကို စွပ်​စွဲမယ်​ထင်​​နေတာလား? ဒါ​တွေတူမတူသိရ​အောင်​ မင်း​နောက်​တခါ ထပ်​ကိုက်​ကြည့်​​လေ" , ​ပြော​ပြောဆိုဆိုပါပဲ...လုထင်း​ရှောင်​က သူ့လက်​တဖက်​ကို ထုတ်​​ပေးလာသည်​။ 

နန်​ရှီ သူမလိပ်​ပြာသူမ,မလုံဘဲ လက်​ကာပြလိုက်​ရတယ်​။ "မလိုဘူး...မလိုဘူး...အဲ့ဒါ ကျွန်မပဲ! ကျွန်မလုပ်​တာ! ဒါနဲ့​လေ...အာ့ပြီး​တော့ ​နောက်​ထပ်​... မ​နေ့ညက ကမ္ဘာကြီးဘာဖြစ်​သွား​သေးလဲ? ကျွန်မ မှတ်​မိတာက​တော့ အိပ်​သာထဲသွားခဲ့တယ်​ဆိုတာပဲ၊ အရာအားလုံးမွစာကြဲ​သွားတယ်​ .... ခဏ​မှေးခနဲဖြစ်​သွားပြီး အားလုံး​ဝေဝါးသွားတယ်​၊ ကျွန်မ အဲ့ဒီက​နေ ဘယ်​လိုထွက်​လာသလဲ?"

"မင်း မိန်းက​လေးအိပ်​သာထဲမှာ အသိလွတ်​သွားတယ်​...ကိုယ်​ မင်းကို အဲ့ဒီက​နေ ​ခေါ်ထုတ်​လာတာ...မင်းက ကိုယ်​နဲ့အတူ မသွားချင်​ဘူးဆိုပြီိး ကိုက်​တယ်​" , လုထင်း​ရှောင်​ လိုရင်းတိုရှင်းပဲ ​ဖြေသွားသည်​။ 

နန်​ရှီ ​ခေါင်းရှုပ်​သွားတယ်​။ "ရှင်​... ရှင်​ မိန်းက​လေးအိပ်​သာထဲဝင်​တာလား?" 

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now