အခန်း(၂၂) အ​ရေးအ​ပေါ်အ​ခြေအ​နေအတွက်​​ခေါ်ဆိုခြင်း

8.4K 1K 50
                                    

"အစ်​ကို ... ကျွန်​​တော်​တို့ ဒီလိုဆက်​သွားလို့ မရဘူး​နော်​၊ ကျွန်​​တော်​တို့ နန်​ရှီ့ကို ဘာလို့ မ​ခေါ်ရတာလဲ?"

"​မ​ခေါ်နဲ့!" ... လုထင်း​ရှောင်​က ​အေးစက်​စက်​ပြန်​​ဖြေ၏။

လုကျင်းလီက သူ့ကို အ​တတ်​နိုင်​ဆုံး နားချသိမ်းသွင်းသည်​။ "အစ်​ကို ... ရတနာ​လေးက က​လေးတစ်​​ယောက်​​လေ. အလုပ်​သမားတစ်​​ယောက်​ မဟုတ်​ဘူး​​နော်​. သူ့ကို ဒီ​လောက်​ကြီး မပြင်းထန်​သင့်​ပါဘူးဗျာ ... ဒီ​လို အနည်းငယ်​ စိတ်​ဆတ်​တာ​လေး​လောက်​က သူမမှားပါဘူး. ဘယ်​က​လေးက​ အလိုမကျရင်​ ပစ္စည်း​တွေ မ​ပစ်​​ပေါက်​ပဲ​နေလို့လဲ?"

"ငါ့က​လေးကို ဘယ်​လို​ သွန်​သင်​ရမယ်​ဆိုတာ ... မင်း ... ငါ့ကို သင်​​စရာမလိုဘူး" လုထင်း​ရှောင်​ရဲ့အမူအရာက ပို​အေးစက်​လာသလိုပဲ။ ရတနာ​လေး ဒီလိုပြုမူ​နေတာကို ဆက်​လက်​ခွင့်​မပြုဖို့ သူ့နည်းလမ်းထဲမှာ ဆုံးဖြတ်​ထားပုံရသည်​။

လိုက်​တမ်း​ပြေးတမ်းလုပ်​​နေတဲ့ ဒီအ​ဖေနဲ့သားကြားမှာ ... လုကျင်းလီအတွက်​ တကယ်​​ ​ခေါင်းကိုက်​​စေသည်​။

သူ ရတနာ​လေးကို wine bar ​ခေါ်သွားတဲ့ အ​ကြောင်းသိသွားတုန်းက ... အကြီးနှစ်​​ယောက်​ရဲ့ နက်​ရှိုင်းတဲ့အကြည့်တွေက ... အာ့ရို ... အချိန်​မ​ရွေး​ပေါ်သွားနိုင်​တဲ့ ဒီလိုအ​ခြေအ​နေမျိုးကိုသာ သူတို့​တွေ ကြားလိုက်​ရရင်​ဖြင့် .....

အိုအဖ ဘုရားသခင်​ ... အကျွန်ုပ်​အတွက်​ ကယ်​တင်​ရှင်​တစ်​​ယောက်​​လောက်​ အမြန်​ပို့​ပေး​တော်​မူပါ!

ရတနာ​လေးကို လုထင်း​ရှောင်​ လိုက်​ဖမ်း​နေစဉ်​မှာပဲ၊ လုကျင်းလီ ကမန်းကတန်းပဲ နန်​ရှီ၏ဆဲလ်​ဖုန်းဆီ ခိုးပြီးစာပို့လိုက်​တယ်​ .....

-------

ည​နေခင်း ... အိမ်​တွင်​ နန်​ရှီတစ်​​ယောက်​ ဇာတ်​ညွှန်းဖတ်​​နေတုန်း တစ်​ချိန်​တည်းမှာပင်​ သူမကို online က​နေ လူအချို့ စာလှမ်းပို့လာကြသည်​။

အကျင့်​ပျက်​နတ်​ဆိုးဘုရင်​ : *[၁]​ရှောင်​နန်​ရှီ ... မင်းရဲ့အန်းဒိတ်​ *[၂]QQ အမည်​ကို မ​ပြောင်း​တော့ဘူးလား? ဒါက ငါ့မျက်​စိစပါး​ ​မွှေးစူး​ထှာဟယ်​!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now