အခန်း(၁၃) က​လေးတစ်​​ယောက်​ကိုပြုစုဖို့မလွယ်​ဖူး

8.7K 988 20
                                    

နန်​ရှီမှာ သူမရဲ့အချိန်​ပိုင်းအလုပ်​​တွေထဲကဝတ်​စုံ အချို့ရှိတယ်​...တစ်​ခုက က​လေး​တွေအတွက်​ ပီကာချူး ညအိပ်​ဝတ်​စုံတစ်​ခုဖြစ်​သည်​။ သူမက အဲ့ဒါ​တွေကို​လွယ်​လင့်​တကူသိမ်းဆည်းထားတယ်​...ဒါ​ပေမယ့်​အခုဒါက ရတနာ​လေးဝတ်​ဖို့အတွက်​ပြည့်​​စုံ​စေတယ်​။

လုထင်း​ရှောင်​ အတွက်​အဝတ်​အစားရှာရတာကပိုလို့​တောင်​လွယ်​ကူပါ​သေး...သူမရဲ့​မောင်​​လေးထားခဲ့တဲ့ သူ့အဝတ်​အစား​တွေကသူမဆီမှာရှိ​နေသည်​။

သူမရဲ့မိဘအရင်း​တွေနဲ့ပြန်​လည်​​ပေါင်းစည်းမိပြီး​နောက်​မှာ​တော့ နန်​ရှီက သူမရဲ့​မွေးစားမိဘ​တွေအတွက်​အပြစ်​ရှိသလိုခံစားမိတယ်​။ သူတို့​တွေဆီမှာသူမရဲ့မျက်​နှာကို​တောင်​မပြနိုင်​​တော့ဘူး...အဲ့ဒါေုကာင့်​သူတို့​တွေနဲ့ထိ​တွေ့ဆက်​ဆံမှုကနည်းပါးလာတယ်​...သူမရဲ့​မောင်​​လေး, ထန်း​လောင်​နဲ့ သာလျင်​ထိ​တွေ့မှုမပြတ်​ခဲ့ဖူး။

အဝတ်​အစား​တွေအားလုံးရှာပြီး​​နောက်​ နန်​ရှီက လုထင်း​ရှောင်​အတွက်​ ​စောင်​နဲ့​ခေါင်​အုံးပါရှာ​တွေ့ခဲ့သည်​။

ဧည့်​ခန်းထဲမှာရှိတဲ့Sofaကလုံ​လောက်​​အောင်​သိပ်​မကြီးဖူး...ပြီး​တော့ လုထင်း​ရှောင်​ရဲ့ရှည်​လျား​တဲ့ခြေ​ထောက်​​တွေနဲ့လည်းမဆံ့​လောက်​ဖူး...ဒါ​ကြောင့်​အရှည်​ကိုချဲ့ဖို့သူမ ထိုင်​ခုံတစ်​လုံးသာထပ်​ဆက်​လိုက်​နိုင်​သည်​။

ရတနာ​လေးကအရမ်းလိမ္မာပါတယ်​.....သူ့အတွက်​အခြားအရာ​တွေမှာစိုးရိမ်​စရာမရှိဖူး...အဆင့်​သင့်​ပဲသူ့ဘာသာသူ​ရေချိုးပြီးသား...ညအိပ်​ဝတ်​စုံဝတ်​ပြီးသာ...အိပ်​ယာ​ပေါ်ကိုလည်းကိုယ့်​ဘာသာတက်​သွားတယ်​။

နန်​ရှီ ​ရေချိုးပြီး​တဲ့​နောက်​, သူမက အရမ်း​ရှေးဆန်​​သောညအိပ်​ဝတ်​စုံကိုဝတ်​ဆင်​လိုက်​ပြီး သူမခန္ဓာကိုယ်​ရဲ့မသင့်​​တော်​တဲ့အစိတ်​အပိုင်း​တွေကိုလျစ်​ဟပြ​နေခြင်းရှိမရှိ​သေချာစစ်​​ဆေးလိုက်​သည်​။

"ကဲ...မစ္စတာလု, ကျမအိပ်​ယာဝင်​​တော့မယ်​.ရှင်​တခုခုလိုအပ်​ရင်​...ကျမကို​ခေါ်လိုက်​ပါ."

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now