အခန်း(၉၃) စစ်​မှန်​သည်​က အမြဲထွန်း​တောက်

5.8K 868 56
                                    

နောက်​​တော့ ... အကုန်​လုံး စိတ်​လက်​မချမ်းသာစွာဖြင့်​ ပစ္စည်းများ သိမ်းဆည်းကာ ပြန်​ကြ​လေသည်​။ ကျာ့ချင်းချင်းသည်​ စိတ်​အစဉ်​ထိန်းမရသိမ်းမရ ဖြစ်​ပြီးတဲ့​နောက်​မှာ ... ဒါရိုက်​တာက​နေပြီး သူမစိတ်​တည်​ငြိမ်​သွား​စေရန်​ နှစ်​ရက်​အနားယူခိုင်း​လေ၏။

နန်​ရှီ သူမမိတ်​ကပ်​ကို ဖျက်​ပြီး ပြန်​ဖို့လုပ်​​နေစဉ်​မှာပင်​ ... နန်​ရွှယ်​လျိုက ဣ​နြေ္ဒတကြီးဖြင့်​ ​လျှောက်​လာ​လေသည်​။ သူမက လက်​နှစ်​ဖက်​ကိုပိုက်​ကာ မတူမတန်​အမူအရာဖြင့်​ ကြည့်​၏၊ ထို့​နောက်​ သူမက ဤသို့ဆို၏ ... "နန်​ရှီ ... နင်​ ဒီလို​ကောက်​ကျစ်​တတ်​မှန်း ... ငါမသိခဲ့ဖူး!"

"အို? ငါက ​ကောက်​ကျစ်​တယ်​လား?" အပြုံးမမည်​သည့်​ အပြုံးနှင့်​အတူ ... နန်​ရှီသည်​ နန်​ရွှယ်​လျိုလက်​က ကျာ့ချင်းချင်း​ကြောင့်​ ဖြစ်​တည်​လာတဲ့ ... ​သွေးစို့​နေတဲ့ ခြစ်​ရာအား တချက်​မျှ ကြည့်​၏။ သည့်​​နောက်​ သူမမျက်​​တောက်​များ ပုတ်​ခက်​ပုတ်​ခက်​လုပ်​၍ အပြစ်​ကင်းသည့်​အသွင်​​လေးဖြင့်​ ... "အဲ့ဒါက နင်​မဟုတ်​ဖူးလား ... အ​မျှော်​အမြင်​ကြီးကြီးနက်​ ... ဒီလိုဝက်​အဖွဲ့ဝင်​ကို ​မြှောက်​စားထားတာ​လေ?"

"နင်​ ..." နန်​ရွှယ်​လျို အံတင်းတင်းကြိတ်​၏။ သူမ ​ဒေါသ​ကြောင့်​ ရင်​ထဲဆို့နင့်​​နေ၏။

ကျာ့ချင်းချင်း ဒီ​လောက်​တုံးလိမ့်​မယ်​လို့ သူမလဲ ဘယ်​ထင်​ပါ့မလဲ? နန်​ရှီ့နာမည်​ဂုဏ်​သတင်းက ရုပ်​ပျက်​ကာ အ​ခြေအ​နေမ​ကောင်း​တော့ပြီကို ... သူမက သူမ၏နာမည်​ကို သန့်​စင်​သွား​စေရန်​ တမျိုးတဖုံနည်းလမ်းရယူကာ ​ဆေး​ကြောပစ်​လိုက်​သည်​။ ရုပ်​ရှင်​အဖွဲ့သား​တွေ​တောင်​ နန်​ရှီ့အ​ပေါ် အမြင်​​တွေ​ပြောင်းလဲသွားကြ၏!

နန်​ရှီမှာ ကျိန်း​သေ​ပေါက်​ ​နောက်​ထပ်​အစီအစဉ်​ ရှိကိုရှိ​နေမှာ။ သူမ နန်​ရှီရဲ့​နောက်​ထပ်​​ခြေလှမ်းကို ​ဖြေရှင်းနိုင်​မယ့်​ နည်းလမ်းမြန်​မြန်​ စဉ်းစားထားရ​တော့မယ်​၊ နန်​ရှီ ကစားပွဲကို ​ပြောင်းပြန်​လှန်​မှာကို သူမ ဘယ်​လိုနည်းနဲ့မှ ခွင့်​မပြုနိုင်​ဘူး။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now