အခန်း(၄၉) သခင်​​ပေါက်​စ​လေးရဲ့ သစ်​သီး​ဖျော်​ရည်

7.5K 1K 37
                                    

နန်​ရှီ ​သွေး​ဆောင့်​တက်​သွားလို့ သူမ လည်​ပင်းကို ​လက်​​နဲ့​နောက်​က ထိန်းကိုင်​လိုက်​ရတယ်​။ "နင်​ မူယာမာယာများပြီး ငါ့ဆီ ပန်းပို့တဲ့ကိစ္စကို ငါမ​ပြော​တော့ဘူး ... ဒါမဲ့ ​နောက်​လ နင်​ပြန်​လာမယ်​ဆိုတဲ့ သတင်းက ​ပေါက်​ကြားသွားတာကို နင်​သိရဲ့လား၊ အဲ့အချိန်​ဆို သတင်းသမား​တွေနဲ့ နင့်​ Fan Fan ​တွေက ​လေဆိပ်​ဝမှာ ​စောင့်​​နေကြ​​တော့မှာ! နင်​ ငါ့ကို လာ​ကြို​စေချင်​​သေးတာလား? သူတို့​တွေလက်နဲ့ ငါ့ကိုတစစီဆွဲဖြဲ ​စေချင်​​နေတာလား? ကျန်းမုရယ်​...ငါ နင့်​ကို တစ်​ခါ​လေးပဲ ထားခဲ့တာကို အဲ့တာလေးအတွက်နဲ့ ငါလေးကို လက်​စား​ချေတာလား?"

"ငါက အဲ့လိုလုပ်​ပါ့မလား? ငါက မင်းလေး နာမည်​ကြီးဖြစ်​လာဖို့ အခွင့်​အ​ရေး​ပေးတာကို...စတား​သေး​သေး​လေး​တွေ ​တော်​​တော်​များများ အဲ့လိုအခွင့်အ​ရေးမျိုးရဖို့ ဆု​တောင်း​နေ​ကြ​ပေမယ့်​ မရကြဘူး​လေ!"

"မ လို ဘူး!"

"​ကောင်းပြီ​လေ! မင်းမလာရင်​ ... မင်းလေး ငါ့ကို ပစ်​သွားခဲ့တဲ့အ​ကြောင်း တကမ္ဘာလုံး အသိ​ပေးပစ်​မယ်​! ငါ့ဂုဏ်​သိက္ခာကျသွားလဲ ဂရုမစိုက်​ဘူး​နော်​၊ အကုန်​လုံး​ခေါ်ပြီး ငါ့အတွက်​ အပြစ်​​ပေးခိုင်းရမယ်​!" ဖုန်းထဲက အမျိုးသားက ဒီထက်​ပိုပြီး ဘာကိုမှ နဲနဲ​လေး​တောင်​ ဂရုမစိုက်​​ကြောင်း ​ပြောလာသည်​။

"နင်​. . . ." နန်​ရှီ ​ဒေါသထွက်​လွန်းလို့ သူမရဲ့ အဆုတ်​​တောင်​ ​ပေါက်​ကွဲသွားပြီလို့ ထင်​မိတယ်​။ သူမဘဝမှာ အရူးအမိုက်​ဆုံးအရာက ဒီဂြိုလ်​​ကောင်​ ကျန်းမုရယ်​နဲ့ ဖက်​ပြိုင်​ဖြစ်​မိတာပဲ။

{​စောင်​က​လေး ... နင့်​ကို ဘယ်​လိုကိုင်​တွယ်​ရမှန်းမသိတဲ့ ငနုံငအ​,လေးများ ထင်​​နေသလား?}

နန်​ရှီက ​ထေ့ပြုံး​လေး ပြုံးလိုက်​သည်။ "​အေး​..​အေး... နင့်​ကို လာ​ခေါ်ရင်​ ရပီမလား? ငါလာခဲ့မယ်​! ​နောက်​မှ​နောင်​တမရနဲ့!"

တကယ်​​တော့...ကျန်းမုရယ်​ကို ကိုင်​တွယ်​ဖို့က ထင်​သ​လောက်​ မခက်​ပါဘူး။ သူ့အ​နေနဲ့ မိန်းက​လေးတစ်​​ယောက်​ရဲ့ စွန့်​ပစ်​ခံရ​တာက ပထမဆုံးအကြိမ်​ဆို​တော့လည်း ဘယ်​​ပျော်​ပါ့မလဲ...ဒါ​ကြောင့်​မို့ သူမကို​ သူက ပြဿနာလေးတွေ ဖန်တီးချင်နေတာ - သူ ​ကျေနပ်​တဲ့ တစ်​ကြိမ်​​တော့ သူ ရပ်​သွားလိမ့်​မယ်​။ သူမရဲ့ ​ခေါင်းအခဲရဆုံးကိစ္စက ဟိုမ​ကောင်းဆိုးဝါး ​ပေးလာတဲ့ စိန်​ပွင့်ကြီးပဲ။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now