အခန်း(၁၅) အတူပဲအိပ်​မယ်​...လက်​မထပ်​ဘူးလား?

9.5K 1K 83
                                    

ငိုတော့မဲ့မျက်နှာနဲ့ နန်ရှီတစ်ယောက် စာသင်ခန်းထဲက ကျောင်းသူလေးတစ်ယောက်လို နာခံစွာထိုင်လိုက်သည်။

လုထင်းရှောင် ခေါင်းကိုလက်တစ်ဖက်ထောက်ြပီး
"မင်းငါ့ကို အဲ့လောက်တောင် ကြောက်လား?"

ညဘက်လုထင်းရှောင်က နေ့ခင်းလုထင်းရှောင်ထက် ပိုပွင့်လင်းတယ်. အဲ့တော့ သူကညဘက်ဆို ပိုအန္တရာယ်များတယ်.

နန်ရှီ အရုပ်လေးတစ်ရုပ်လို ခေါင်းခါလိုက်တယ်. ဒါပေမဲ့ ခေါင်းပြန်ငြိမ့်လိုက်ပြီး..."ရှင်က ဘုရင်တစ်ပါးပဲ. ဘယ်သူက မကြောက်ပဲနေမလဲ?"

လုထင်းရှောင် ဖန်ခွက်ထဲကရေကို လှည့်နေရင်း ခပ်ဖျော့ဖျော့ပြောလိုက်သည်။ "အခြားလူတွေ ငါ့ကိုကြောက်တာနဲ့ မင်းကငါ့ကို ကြောက်တယ်လား? ဒါဆို အခြားမိန်းမတွေက ငါ့ကိုလက်ထပ်ချင်နေကြတာပဲ...မင်းကဘာလို့လက်မထပ်ချင်တာလဲ?"

ဒီမေးခွန်းက နန်ရှီ့ကို ထိုင်ခုံကနေပြုတ်ကျသွားမတတ်ကို လန့်သွားစေသည်။ နေ့ခင်းထဲက ဒီကျည်ဆံကို ရှောင်ပြီးပြီထင်နေတာ...သူမတော်တော်ပိန်းတာပဲ။

ဒီမေးခွန်းက သူမကို ဓားပေါင်းတစ်ထောင်နဲ့ ချိန်ထားသလိုပဲ။ ဘယ်​လိုအ​ဖြေကသူမကို​အကူအညီ​ပေးမလဲ?

နန်ရှီ သူမရဲ့တုန်နေတဲ့ လက်တစ်ဖက်ကိုမြောက်ပြီး
"ဒီမေးခွန်းကိုမဖြေခင် တစ်ခုလောက်လောက်...ကျမ အရင်မေးကြည့်လို့ရမလား?"

လုထင်းရှောင် ခေါင်းငြိမ့်လိုက်သည်။ "ရတယ်."

"ဘာလို့ကျွန်မလဲ? ရတနာလေးက ကျွန်မကို ယုံကြည်လွန်းလို့လား? ဒါကခဏတာလို့ပဲ ကျွန်မထင်တယ်...သူ့စိတ်အခြေအနေတည်ငြိမ်သွားရင် အဆင်ပြေသွားမှာပါ. ပြီးတော့ သူအမြဲတမ်း ဒီလိုဖြစ်သွားမယ်ဆိုရင်တောင် .... ရှင့်ကိုယ်ရှင် ဖိအားပေးဖို့ မလိုပါဘူး." နန်ရှီက သေချာအကြံပေးဖျောင်းဖျသည်။

လုထင်းရှောင် သူ့လက်ထဲကဖန်ခွက်ကို အောက်ချလိုက်ပြီး မျက်လုံးပင့်ကာ နန်ရှီ့မျက်ဝန်းတွေကို ကြည့်လိုက်သည်။ "မစ်နန်, ကျွန်တော်အစကတည်းက သေချာရှင်းပြပြီးပြီလို့ ထင်တယ်: မင်းက ရတနာလေးကို ကယ်ခဲ့တယ်...ကျွန်တော်က ကျွန်တော့ကိုယ်နဲ့ ပြန်ပေးဆပ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီးပြီ. "

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now