အခန်း(၁၀၀) ကြယ်​ခူးဆွတ်​ဖို့်​ရည်​ရွယ်

9.5K 880 47
                                    

"ဟဲ့ ခုန်​ချ​တော့​လေ ... မြန်​မြန်​လုပ်​ပါဟ! မိန်းက​လေးလို လုပ်​မ​နေနဲ့!" ကျန်းမုရယ်​ အ​လောတကြီး ​ဆော်​သြ​လေသည်​။

နန်​ရှီ ​ကြောင်​အ,သွားရကာ သူမနှုတ်​ခမ်းတို့ တွန့်သွားလျက်​။ သူမလက်​​တွေက ပြတင်း​ပေါက်​​ဘောင်​ကို ဆွဲကိုင်​၍ ပြတင်း​ပေါက်​မှ​အောက်​သို့ လွှားကနဲခုန်​ချသွား၏။

ကျန်းမုရယ်​က ​အောက်​က​နေသူမကို ဖမ်း​ပွေ့​ပေးထား၏၊ အဲ့​နောက်​ သူမတကိုယ်​လုံးအား လှည့်​လျက်​ သူမခန္ဓာ​ပေါ်တွင်​ အမှတ်​အသားဒဏ်​ရာတို့ ရှိမရှိကြည့်​ရှုစစ်​​ဆေးလာပြီး​နောက်​ ... သူမအား မျက်​လုံး​တောက်​​တောက်​များဖြင့်​ ကြည့်ကာ။ "မ​နေ့ညက ဘာမှမဖြစ်​ပါဖူး​နော်​?"

နန်​ရှီသည်​ သူ့ရဲ့လှည့်​ပတ်​ကြည့်​ရှု​နေမှုမှ ရုန်းထွက်​၍ သူ့ကို ဘု​တော​တော​လေ​တော့သည်​။ "ကျန်းမုရယ်​ ... ​ဆေးစားမှားလာတာလား? မနက်​​စော​စောစီးစီးဟာ ... နင်​ အိပ်​မ​နေဖူးလား? ငါ​​လေးက​တော့ အိပ်​လို့​ကောင်းမှ​ကောင်း ... ပြီး​တော့ ငါက ဘာဖြစ်​ရမှာလဲ?"

ကျန်းမုရယ်​ နဖူး​ကြောတို့ ​ထောင်​တက်​လာ၏။ "နန်​ရှီ! နင်​ ဝက်​လားဟမ်​? နင်​မ​နေ့ညက ဘယ်​လိုပြန်​ရောက်​မှန်း မမှတ်​မိဖူးလို့​တော့ လာမ​ပြောနဲ့!"

"အွမ်း ... တကယ်​မမှတ်​မိဘူး!" နန်​ရှီသည်​ သူမတကယ်​မသိပါဆိုသည့်​ အပြစ်​ကင်းသည့်​ မျက်​နှာ​လေးဖြင့်​။

ကျန်းမုရယ်​ သူ့စိတ်​တည်​ငြိမ်​သွား​စေရန်​ ​လေတဝကြီးရှုသွင်းလိုက်​သည်​။ ပြီး​တော့ သွားတင်းတင်း​စေ့၍။ "နင်​ ဒီ​လောက်​တုံး​နေတာ ... ကိုယ့်​ကိုဘာလို့ ​ရောင်းမစား​သေးတာလဲ? မ​နေ့ညက လုထင်း​ရှောင်​ကြီးက နင့်​ကို​ပွေ့ချီသွားလို့ နင်​ပြန်​​ရောက်​​နေတာဟဲ့!"

နန်​ရှီတစ်​​ယောက်​ ဒါကိုကြား​တော့ အချက်​​ပေး​ခေါင်း​လောင်း​သံ မြည်​သွား​လျက်​၊ အဲ့​နောက်​တွင်​​တော့ ချက်​ချင်းပင်​ ​ရှေ့​နေလိုက်​တော့သည်​။ "အဲ့​တော့ ဘာဖြစ်​သလဲ? သဲတုံးရတနာ​လေးက ငါ့ကိုမနိုးရက်​လို့ ... သူ့အ​ဖေကို ချီခိုင်းဖို့ ​ပြောလိုက်​တာ​နေမှာ​ပေါ့ ... ဟွန့်​!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now