အခန်း(၂၅) ဒီတော့ ဒီလိုနဲ့ပဲ အတူနေကြတော့မယ်ပေါ့?

8.9K 1.1K 117
                                    

"အင်း"

နန်ရှီတုန်လှုပ်စွာနဲ့ ကိုယ့်ဆံပင်ကိုသာ ဆွဲနေမိသည်။ "ဒါကလေ... သိပ်မသင့်တော်ဘူးလားလို့? ရတနာလေး ကျွန်​မကိုတွေ့ချင်တယ်ဆိုရင် ကျွန်​မအချိန်မရွေး လာလည်လို့ရသားပဲ!"

လုထင်းရှောင် သူ့နှဖူးသူပွတ်နေပုံက ပင်ပန်းနေပုံပေါ်သည်။ "ဒီကိစ္စမှာက ကြိုပြောလို့မရတာတွေ အများကြီးရှိတယ်. အထူးသဖြင့် အကယ်၍များ ညဘက်တွေမှာ အရေးပေါ်ကိစ္စတွေဖြစ်လာခဲ့ရင် အမြန်ရောက်လာဖို့က မင်းအတွက်လဲ အန္တရာယ်များတယ်. ကိုယ့်အနေအထားအရလဲ ရတနာလေးကိုခေါ်ပြီး မင်းကိုလာတွေ့ဖို့က အဆင်မပြေဘူး. ဒီတောင်းဆိုချက်က မင်းကို စိတ်အနှောင့်ယှက်ဖြစ်နိုင်တာ ကိုယ်သိပါတယ်. ဒါပေမဲ့ ကိုယ်ရတနာလေးရဲ့ အဖေတစ်ယောက်အနေနဲ့ တောင်းဆိုနေတာပါ. မင်းလက်ခံပေးနိုင်မယ်လို့ မျှော်လင့်တယ်"

နန်ရှီ ခေါင်းတွေနာလာပြီ။

တကယ်လို့ လုထင်းရှောင်က အာဏာသုံးပြီး အတင်းဖိအားပေးတယ်ဆိုရင်တောင် သူမဗြောင်ငြင်းချလိုက်လို့ရတယ်။ ဒါပေမဲ့အခုသူက သူဘယ်သူဘယ်ဝါဆိုတာကို မတွေးဘဲ အလေးအနက်တောင်းဆိုနေတာ…ပြီးတော့ သူမမျက်နှာချင်းဆိုင်နေရတာက လှလွန်းသူလေးတစ်ပါးဆိုတာ ထည့်ပြောစရာတောင်မလိုဘူး။ သူမဘယ်လိုငြင်းရက်မှာလဲ!

ဘေးမှာရပ်နေတဲ့ လုကျင်းလီကတော့ သူ့အစ်ကိုကို စူးကြည့်နေမိသည်။

အမေးဇင်းပါဘဒို!

သူ့အစ်ကိုက ဒီလိုအဆင့်မြင့်နည်းလမ်းတွေ သုံးနိုင်တယ်လား … နန်ရှီ့ကို အနိုင်ရဖို့လမ်းမှာ ပိတ်နေတဲ့ဆူးခလုတ်တွေကို အကျိုးရှိအောင် ပြောင်းလဲအသုံးချလိုက်တယ်။

ရတနာလေးရဲ့ တည်ရှိမှုက သူ့အားနည်းချက်မဟုတ်ဘူး…သူ့ရဲ့အကြီးမားဆုံးအားသာချက်ပဲ။

ရုတ်တရက် ဘန်းကနဲအသံမြည်သွားသည်။ ရတနာလေးလန့်ပြီး အိပ်ရာပေါ်က ခုန်ချလိုက်တော့ ကုတင်ဘေးက မီးအိမ်ကလဲသွားသည်။

နန်ရှီ့ကိုမြင်မှပဲ လန့်နေတဲ့ကလေးက ငြိမ်သွားပြီး သူမဆီကို မြားတစ်စင်းလိုပြေးဝင်လာသည်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now