အခန်း(၁၄) မဟုတ်တာဖြစ်ဖို့ဆိုသိပ်ကိုလွယ်ကူတယ်

8.3K 1K 14
                                    

နန်​ရှီ အပြင်ထွက်ပြီး ဘာတွေဖြစ်နေလဲ ဆိုတာ ကြည့်နေတဲ့ အချိန် ရတနာလေးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။

နန်​ရှီ သူ့ရဲ့အိပ်ခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်တော့ လုထင်း​ရှောင် သူကိုယ်သူ ရေဖန်ခွက်နဲ့ ရေလောင်းချနေတာကို တွေ့လိုက်ရတယ်။ လက်တစ်ဖက်က ဗိုက်ကို ဖိထားရင်း မျက်နှာကတော့ ဖြူ ဖျော့နေတယ်။

နန်ရှီ ​ပြေးသွားပြီးမေးလိုက်တယ် "မစ္စ္စတာလု, ရှင် အဆင်ပြေရဲ့လား?"

"ဘာမှမဟုတ်ပါဘူး"

"ရှင် အစာအိမ်နာနေတာလား?"

လုထင်း​ရှောင် ပြန်မဖြေဘူး။

နန်​ရှီ သူမအထင်မှန်နေပြီ ဆိုတာ သိလိုက်တယ်။

လုထင်း​ရှောင်က လုံးဝ အစပ်စားလို့မရဘူး။ ဒါပေမယ့်သူ စားလို့မဖြစ်တဲ့ အဲ့တာကို ဘာလို့ စားလိုက်တာလဲ?

"ခဏ​စောင့်​...ကျမ ရှင့်​ကို​ဆေး​ပေးမယ်​"

ကံကောင်းထောက်မစွာပဲ နန်​ရှီ အိမ်မှာ ဆေးဝါး အပြည့်အစုံရှိနေတယ်။

နန်​ရှီ အစာအိမ်ရောဂါဆေးတွေကို ခပ်မြန်မြန်ယူပြီး ပေးလိုက်တယ်။ "ရှင် ဒီဆေး ၂ ပြားကို သောက်ဖို့ လိုတယ်"

"ကျေးဇူးပဲ!" လုထင်း​ရှောင် သူ့လက်ပေါ်ကဆေးကို ယူလိုက်တဲ့အချိန် အေးစက်နေတဲ့ အရေပြား အထိအတွေ့က နန်​ရှီ နှလုံးသားကို လှုပ်ခတ်စေတယ်။

အခုချိန်က အတော်ညည့်နက်နေပြီ ။ နောက်ပြီး သူ့ရှေ့မှာ ရပ်နေတဲ့သူက သိပ်က်ိုလှပတယ် ။ ဒီလို အခြေအနေမျိုးမှာ ပြဿ နာ မီးမွှေး ဖြစ်ဖို့ဆိုတာ သိပ်ကို လွယ်ကူတယ်!

နန်​ရှီ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ခေါင်းထဲမှာ သချာင်္ပုစ္ဆာ တစ်ပုဒ်ကို ခပ်မြန်မြန်တွက်ရင်း ခေါင်းရှုပ်အောင် သူ့ကိုယ်သူ လုပ်နေတယ်။ လုထင်း​ရှောင် ဆေးသောက်ပြီးတာနဲ့ သူမ ချက်ချင်း ထွက်သွားဖို့ မသင့်ဘူးလို့ တွေးမိတာနဲ့ နန်​ရှီ ခနဆက်နေပေးဖို့ ဆုံးဖြတ်လိုက်တယ်။

"ရှင် သက်သာရဲ့လား? ဆေးရုံ လိုက်ပို့ပေးရမလား? ကျွန်မ ရှင်အစပ်မစားနိုင်တာ တကယ်မသိလို့ပါ။ "

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now