အခန်း(၈၇) မိန်းမတစ်​​ယောက်​လိုအပ်​​နေပြီ

6.6K 905 21
                                    

နန်​ရှီ တုံ့ဆိုင်းခြင်းမရှိဘဲ ​ပြောလိုက်​၏၊ "ကျွန်​မက ဒီလို ရိုက်​ချက်​​သေး​သေး​လေးကို​တောင်​ မကိုင်​တွယ်​နိုင်​ဘူးဆိုရင်​ ... အနုပညာ​လောကထဲမှာ ကျွန်​မဘယ်​လိုလုပ်​ ရှင်​သန်​နိုင်​​တော့မလဲ? ပြီးခဲ့တဲ့ တ​စ်​​ခေါက်​တုန်းက​တောင်​ ရှင်​ပဲ ကျွန်​မကိုယုံပါတယ်​လို့ ​ပြောခဲ့ပြီး​တော့!"

"ဒါ​ပေမယ့်​ မင်းရဲ့အခုပုံစံက​တော့ ယုံချင်​စရာမ​ကောင်းဘူး" လုထင်း​ရှောင်​က​ သူ့ပုံစံ မျက်​နှာ​သေဖြင့်​ပေ။

သူ့စကား​ကြောင့်​ နန်​ရှီ ဦး​နှောက်​စားသွားလျက်​၊ ​နောက်​​တော့မှ သူမမျက်​နှာ​ပေါ်က ဖန်​တီးထားတဲ့အရာတို့အား သတိရသွား၏ ... ဒါမို့ သူမ ရှင်းပြရ​တော့သည်​၊ "အာ ... ဒီိ​သွေးစုပ်​​နေတဲ့ မျက်​နှာနဲ့ မျက်​ကွင်းညို​တွေက ကျွန်​မကိုယ်​တိုင်​ မိတ်​ကပ်​လိမ်းပြီး ခြယ်​ထားတာ​လေ! ဒါကြံခိုင်​ချင်​​ယောင်​ ​ပျော်​ချင်​​ယောင်​​ဆောင်​တာ မဟုတ်​ဘူး​နော်​၊ ရှင်​မယုံဘူးဆိုရင်​ ကျွန်​မ အဲ့ဒါ​တွေကို ဖျက်​ပြ လို့ရ ...ရ"

သူမစကား​တောင်​ မဆုံး​သေးဘူး ... ရုတ်​တရက်​ကြီး လုထင်း​ရှောင်​လက်​တို့က သူမပါးပြင်​နှင့်​ မျက်​လုံးတို့အား အသာအယာထိ​တွေ့လာ၏။

ဒါက ခပ်​သာသာထိ​တွေ့မှု​လေးပါ၊ ဒါ​ပေမယ့်​ နန်​ရှီ့အတွက်​က​တော့ သူမအား ကျဉ်​စက်​ဖြင့်​ တို့,လိုက်​သည့်​အလား ... တုန်​တက်​သွား​စေသည်​။

နန်​ရှီ့တုန့်​ပြန်​မှုက လုထင်း​ရှောင်​အား ​သောကပို​စေသည်​ ... အဲ့သည့်​​နောက်​ သူ့လက်​အား အလျင်​အမြန်​ပင်​ ရုတ်​လိုက်​၏။ "ကြံခိုင်​သ​ယောင်​ မလုပ်​လိုက်​နဲ့"

နန်​ရှီက တခစ်​ခစ်​ရယ်​လိုက်​ရင်း "မလုပ်​ပါဘူး၊ ကျွန်​မ ဒါကို မ​ဖြေရှင်းနိုင်​​တော့ဘူးဆိုရင်​ ... ကျိန်း​သေ ကျွန်​မ ရှင့်​ဆီ ခုန်​ဝင်​ပစ်​ပြီိး​​ ရှင့်​​ခြေသလုံးကို ဖက်​ထားလိုက်​မှာ​ပေါ့​နော့!"

ကျွဲမြီးတို​နေသူ တစ်​​ယောက်​လည်း ​ပျော်​ဆင်းသွားပြီ ... လုထင်း​ရှောင်​ရဲ့ စိတ်​​တွေ တ​ဖြေး​ဖြေးငြိမ်​သက်​သွား၏။ "ဟုတ်​ပြီ"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now