အခန်း(၃၉) အဲ့လောက်ကြီး တုတ်ပါဘူး!

8.3K 1K 87
                                    

"​သောက်​​ပေါက်​ပိတ်​စမ်း! ဘယ်​သူ့ကို​ပြော​နေတယ်လို့ထင်​​နေသလဲ?!" ဗြုန်းကနဲ နန်​ရှီရဲ့လက်​သီးပြင်းပြင်းတစ်​ချက်​ ဝင်​လာတယ်​။ တကယ်​လို့ လုထင်း​ရှောင်​သာ မြန်​မြန်​မ​ရှောင်​လိုက်​နိုင်ဘူးဆိုရင်​ လက်​သီးရဲ့အား​က သူ့​အောက်​​မေးရိုးကို ပြုတ်​ထွက်​သွားစေနိုင်​တယ်​။

"မိန်းက​လေး​တွေဆိုတာ မဆဲဆိုသင့်​ဘူး" လုထင်း​ရှောင်​ မှုန်ကုတ်​သွားသည်​။

သူမ ဆဲ​နေတာ​​လေး​တောင်​မှ သူမက ချစ်​ဖို့​ကောင်း​နေတုန်းပဲ။

နန်​ရှီ အရမ်းအရမ်းကို မူး​နေ​ပေမယ့်​ သူမ အသိစိတ်​​လေးနဲနဲရှိ​နေ​သေးတယ်​။ သူမကို ဖက်​ထားတဲ့လူက သူမ​လေးကိုအန္တရာယ်​မပြုမှန်း ခံစားမိ​တော့ သူမ၏ကာကွယ်​​ရေး​တွေ တ​ဖြေး​ဖြေး ​လျော့ကျသွားတယ်​။ သူမ​လေးက သူ့ရဲ့ရင်​ခွင်​ထဲမှာ မရုန်းကန်​​တော့ဘူး ... သူ့​ပေါင်​​ပေါ်မှာ ငြိမ်​ငြိမ်​​လေးပဲ​နေ​တယ်​...ဒါ​ပေမယ့်​ အာ​လေးလျှာ​လေးနဲ့ သူမစကား​တွေ ဆက်​​ပြော​တော့တယ်​။ "ဒီက မတ်မတ်က ဒီလိုလုပ်ရတန်တယ်လို့ မထင်ဘူး... မဟုတ်ရင် မဟုတ်ရင်... ဒီမတ်မတ်ရဲ့ မျက်နှာလေးနဲ့တင် ပိုကြီးတဲ့... အကြီးဆုံး အတုတ်ဆုံး ခြေသလုံးကို ရှာဖက်လို့ရတယ်... နင်တို့အားလုံး ငါ့ကို နှိပ်ကွပ်ချင်ကြတယ်... အာ့ဆို ငါ အခုသွားပြီး ရှာပြမယ်... အခု သွားမှာ..."

ဒါကိုကြား​တော့ လုထင်း​ရှောင်​ သူ့မျက်​ခုံး​တွေ မြင့်​တက်​သွားတယ်​...ထို့​နောက်​ သူမလက်​ကို ခပ်​တင်းတင်း ဆုပ်​ကိုင်​လိုက်​ပြီး​တော့ သူ့ရဲ့ခြေသလုံးမှာ ထားလိုက်​တယ်​။ "မြို့​တော်​မှာ အတုတ်​ဆုံး​ခြေသလုံးက ဒီမှာ​လေ. မင်း သွားရှာ​နေစရာလို​သေးလို့လား?"

နန်​ရှီက သူ့ရဲ​ခြေသလုံးတစ်​​လျှောက်​ ဖြစ်​သလိုဖျစ်​ညှစ်​ပွတ်​သပ်​​နေရင်းနဲ့ တအံ့တသြကြီးထ​အော်​တယ်​။ "မတုတ်​ဘူး! အာ့​လောက်​ကြီး တုတ်​ပါဘူး!"

လုထင်း​ရှောင်​ ~ "..."

တကယ်က ​သူက သူ့ရဲ့​​​အေး​အေးစက်​စက်​ပုခုံးကြီးကို ​ပေးထားရပြီး​တော့ တပလ္လင်​​ခွေထိုင်​​နေတဲ့အတွက်​​ကြောင့်​မို့ သူ့​ခြေသလုံးကို ​သေချာ စမ်းဖို့ဆိုတာမဖြစ်​နိုင်​ဘူး။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now