အခန်း (၂၀) ရည်းစားဟောင်းတွေ မှိုလိုပေါက်

8.6K 1K 51
                                    

ညစာစားပြီး သူတို့ မိဘတွေ ပြန်သွားတာနဲ့ လုကျင်းလိ အမြီးနှံ့ကာ အစ်ကိုဖြစ်သူထံမှ ဆုလဒ်တောင်းနေလေတော့တယ်။

"အစ်ကို ကျနော် ခုလုပ်သွားတာ ကောင်းတယ်နော်... တော်တယ်မှတ်လား...!"

သူ သူ့အမြီးကို နှံ့ရတာတောင် မကြာသေး၊ သူ့အစ်ကိုက တစ်စုံတစ်ရာနှင့် ဝှစ်ကနဲ ကောက်ပေါက်လိုက်လေတယ်။

လုကျင်းလိ လက်တစ်ဖက်တည်းနှင့် ဖမ်းထားလိုက်တယ်။ "ဒါ ဘာကြီးလဲ..."

သေချာကြည့်မိလိုက်တော့ သူ မျက်လုံးတွေ ပြူးသွားရတယ်။

ဒါ သော့တစ်ချောင်းပဲ. . .။

Bugatti ရဲ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အတွက် အကန့်အသတ်နဲ့ ထုတ်ခဲ့တဲ့ ပြိုင်ကားလေး။ သူ မျက်စောင်းထိုးနေခဲ့တာကြာပြီ။ တစ်လောကလုံးမှာ တစ်စီးပဲရှိတဲ့ဟာလေး။

"အိုး...! အချစ်ကလေး...!" လုကျင်းလိ ကားသော့ကို ပွေ့ပြီး အရူးပမာ အကြိမ်ကြိမ်နမ်းနေတယ်။ "အစ်ကို့ကို ချစ်သွားပြီ...!"

သူ အရင်က ဘယ်လိုတောင်းတောင်း သူ့အစ်ကိုက တုပ်တုပ်မှ မလှုပ်ခဲ့ဘူး။ အခု မိဘတွေရှေ့မှာ စကားလေးနည်းနည်းပါးပါးပြောပေးလိုက်ရုံနဲ့ အေးအေးသက်သာ အင့်ကနဲ ပေးလိုက်မယ်လို့ သူ မထင်ခဲ့တာတော့ အမှန်ပဲ။

သူ ထင်ထားတာထက် နန်ရှီဟာ သူ့အစ်ကိုရဲ့ နှလုံးသားမှာ ကြီးကြီးမားမား နေရာယူထားခဲ့တာပဲ။

လုကျင်းလိက စဉ်းစားမိတော့ နည်းနည်းတောင် စိုးရိမ်လာသလိုပဲ။ "ဒီကိစ္စကလေ... အစ်ကို နန်ရှီဆိုတာ တကယ်သေချာပြီလား... အစ်ကို သူ့ကို ကစားရုံလောက်မဟုတ်ဘဲ တကယ်ယူမှာလား..."

"ယူမှာ. . ." လုထင်းရှောင်လေသံမှာ နားလည်မှုလွဲစရာမလိုအောင်ကို ပြတ်သားမှုတွေနဲ့ ။

ဒါကိုကြားတော့ လုကျင်းလိ အသက်ကို ရှိုက်သွင်းလိုက်ရတယ်။ ပြီးတော့ ရည်းစားသနာအတွေ့အကြုံများသူအနေနဲ့ သူ စိတ်ရင်းမှန်စွာ အကြံပြုလေတော့တယ်။

"ဒါဆို ကျနော် အစ်ကို့ကို ကြိုတင်ပြင်ဆင်ထားပါလို့ပဲ ပြောချင်တယ်... မိန်းမပိုးတယ်ဆိုတ ဂိမ်းဆော့ရသလိုပဲ... Difficulty Level အဆင့်တွေ အမျိုးမျိုးကွဲပြားနေတယ်... အလွယ်အဆင့်၊ ပုံမှန်အဆင့်၊ အခက်အဆင့်နဲ့ သေမလိုခက်တဲ့အဆင့်... နန်ရှီကို လိုက်ဖို့ဆိုတာ သေမလိုခက်တဲ့ အဆင့်ထဲကပဲ...!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now