အခန်း(၇၈) ငါနင့်​အ​ဒေါ်ဖြစ်​လာမှာက စိုးရိမ်​စရာပဲ

7K 949 37
                                    

နန်​ရှီ၏ မနှစ်​မြို့​သောအကြည့်​ကို မြင်​လိုက်​ရ​တော့ ကျန်းမုရယ်​တစ်​​ယောက်​ စိတ်​ချသွား​ပေ၏; သူ နန်​ရှီကို နားလည်​ပါတယ်​၊ ပြီး​တော့ သူသိပါ​သေးတယ်​ ... သူမက အ​နှောင်​အဖွဲ့​တွေကို အမုန်းဆုံးဆိုတာကို​ပေါ့။

နန်​ရှီ့အဖို့ လုမိသားစု​နောက်​ခံက ရက်​စက်​တဲ့တိရစ္ဆာန်​​တွေနှင့်​ပြည့်​နှက်​​နေတဲ့ သားရဲတွင်းအလား ​ကြောက်​မက်​ဖွက်​အတိ​ပေ....

"အို​ကေ ... နင်​​မေးပြီးသွား​တော့၊ အခုက ငါ့အလှည့်​" နန်​ရှီက လက်​ကိုပိုက်​​မေးကို​မော့ကာ မျက်​စိ​မှေး၍ သူ့အား ကြည့်​လိုက်​တယ်​။

ကျန်းမုရယ်​က ပုခုံးနှစ်​ဖက်​ကို တွန့်​ကာဖြင့်​။ "ဘာ​တွေ သိချင်​လို့လဲ?"

"လုထင်း​ရှောင်​မှာ ညီတစ်​​ယောက်​ပဲ ရှိတာပါ ... ညီမ​တွေလဲ မရှိဘဲနဲ့? နင်​က ဘယ်​လိုလုပ်​ သူ့တူဖြစ်​လာရတာလဲ?" နန်​ရှီ ​မေးခွန်းထုတ်​၏။

ကျန်းမုရယ်​က စီးကရက်​ကို မီးညှိလိုက်​ရင်း ​ဖြေး​ဖြေးချင်း ​ဖြေ​လေသည်​ , "ငါက လုမိသားစုနဲ့ ​သွေးမ​တော်​ပါဘူး ... ငါ့ဘိုးဘွား​တွေနဲ့ သူတို့မိသားစုက သူငယ်​ချင်း​တွေ​လေ. ငါ့အဘိုးနဲ့အဘွား ကားတိုက်​မှုဖြစ်​ပြီး ဆုံးသွား​တော့ ငါ့အ​မေက ငယ်​ငယ်​​လေးပဲ ရှိ​သေးတယ်​ ... အဲ့ဒါနဲ့ ငါ့အ​မေကို လုမိသားစုက ​မွေးစားလိုက်​ပါ​ရော. ဒါ​ကြောင့်​ ဝါအရဆို ... လုထင်း​ရှောင်​က ငါ့ဦး​လေးပဲ​လေ"

"​အော်​ ဂလိုကို..." နန်​ရှီ သူမ ထိုသို့​ပြောပြီးသွားတာနက် သူ့ကို မျက်​​တောင်​မခတ်​တမ်း စူးစိုက်​ကြည့်​လာ၏။ "​ငါ ​ဆေးလိပ်​ကို မ,နဲဖြတ်​ထားရတာ​နော်​ ... ငါ့​ကို ဆွဲ​ဆောင်​ပြမ​နေနဲ့!"

"အရင်​က တချိန်​လုံး​သောက်​​နေတုန်းကလည်း အားလုံး​အေး​ဆေးပဲကို ... အခုမှ ဘာလို့ ထ,ဖြတ်​​နေတာလဲ?" ကျန်းမုရယ်​က သူ့မျက်​ခုံးအစုံတို့ စုကြုံ့လာ​လေတယ်​။

"မ​ကောင်းတဲ့အရာကို ဖြတ်​တာပဲ အ​ကြောင်းပြချက်​လို​သေးလို့လား?"

"​အော်​​အော်​ ငါ့ကို ဘယ်​သူလဲမသိပါဘူး၊ ဟိုတုန်းက​ပြောတာ ... ဘာတဲ့ မင်းဒီ​နေ့​ ဆေးလိပ်​​သောက်​ချင်​ရင်​ ​သောက်​ပလိုက်​၊ ဒီ​နေ့ အရက်​​သောက်​ချင်​ရင်​လည်း ​သောက်​ပလိုက်​တဲ့. ​ဆေးလိပ်​နဲ့ အရက်​ကို ​သောက်​ရူး​တွေပဲ ဖြတ်​မှာတဲ့...." ကျန်းမုရယ်​က ​မ​ကျေမနပ်​​ပြောဆိုကာ ဆေးလိပ်​အား ဖိ​ချေ၍ မီးငြိမ်းသတ်​​လေတယ်​။ "ငါ ​တတ်​နိုင်​သ​လောက်​ ​ဖြေပြီးပြီး​နော်​ ... နင်​ ထက်​ပီး ​မေးချင်​တာရှိ​သေးလား?"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now