အခန်း(၇၉) ချစ်​စရာ့ယုန်​နားရွက်​​လေး

7.7K 1K 36
                                    

အလုပ်​ပြီးမှပဲ ကျာ့ချင်းချင်းတစ်​​ယောက်​ လှုပ်​ရှားဖို့ လမ်းစ​တွေ့လာတယ်​။ နန်​ရှီ အနားမှာရှိမ​နေတာ အ​ကောင်းဆုံးပဲ၊ အဲ့​နောက်​ ကျန်းမုရယ်​ဆီသို့ အရှက်​သည်း​သော အမူအရာဖြင့်​ ချဉ်းကပ်​လာ​ပေ၏။ "အစ်​ကိုမုရယ်​ ... ကျွန်​မတို့ ဘယ်​မှာ သွားစားကြမှာလဲဟင်​? ကျွန်​မတို့ Rivers Hotel မှာပဲ Seafood သွားစားမလား? ကျွန်​မအ​ဖေက အဲ့မှာ member ဝင်​ထားတယ်​၊ ကျွန်​မတို့ VIP အခန်းယူလို့ရတယ်​"

ကျန်းမုရယ်​က​တော့ စိတ်​ကိုမနဲ ဆွဲဆန့်ထားရ၏၊ သူ စိတ်​ညစ်​​နေပါတယ်​ဆို။ "ထားလိုက်​​တော့၊ ငါမသွား​တော့ဘူး ... ငါ ဒီ​နေ့ ​တော်​​တော်​ပန်း​နေပြီ!"

ဒီလိုကြား​တော့ ကျာ့ချင်းချင်း စိုးရိမ်​သွား၏။ "အာ? ဒါမဲ့ ဒါ အစ်​ကို့ရဲ့ ရှုတင်​ပထမဆုံး​နေ့​လေ ... ကျွန်​မတို့ နဲနဲ​လေး​တော့ ကြိုဆို​ပေးသင့်​တယ်​​လေ၊ တခြားဆိုင်​ကဆိုလဲရပါတယ်​"

ကျန်းမုရယ်​ မျက်​နှာ အနည်း​လေး ပုပ်​သိုးလာတယ်​။ "ပထမဆုံး​နေ့မှာမှ ကြိုဆိုပွဲလုပ်​ရမယ်​လို့ ဘယ်​သူသတ်​မှတ်​ထားလို့လဲ? မင်း ဒီ​လောက်​ စားချင်​​နေရင်​ ... ကိုယ့်​ဘာသာပဲ သွားစား!"

တကယ်​​တော့ အတွင်း​ရေးအ​နေနဲ့ လူတိုင်းသိကြတာက...ကျန်းမုရယ်​ဆိုတာ စိတ်​မမှန်​၊ ​ဒေါသကြီးလွန်းတယ်​ဆိုတာကို​ပေါ့။

သူ စိတ်​ကြည်​တဲ့အခါဆို အားလုံး အို​ကေမှာစို​ပြေလို့၊ အယ်​ သူစိတ်​မကြည်​ရင်​​တော့လား အဲ့အချိန်​များဆိုရင်​​တော့ ........အဟင်း ... အဟင်း

သိသာပါတယ်​ ... အခု ဒီဘဲ စိတ်​အ​ခြေအ​နေ မဟန်​မှန်း။

ဒီလိုအ​ငေါက်​ခံလိုက်​ရတာနဲ့ တစ်​ပြိုင်​နက်​ ကျာ့ချင်းချင်း မျက်​လုံးတို့ ရဲတက်​လာ​ပေတယ်​။ "ကျွန်​မက ထုံးတမ်းစဉ်​လာတိုင်းမို့ ဒီလို​ပြောမိတာပါ. အဲ့ဒါကို မုရယ်​​*[၁]ကော​ကောက ... ဒီလို ​ပြောရက်​တယ်​ ..."

{လခွမ်း​ဒေ ... လူကိုများ မုရယ်​​ကော​ကော​လေး ဘာ​လေးနဲ့?}

ကျန်းမုရယ်​တစ်​​ယောက်​ အ​တော်​​လေး စိတ်​ရှုပ်​ပြီး ​ပေါက်​ကွဲထွက်​လာပါ​တော့မည်​။ တဖက်​က ​ကောချီရှန်းလည်း အ​ခြေအ​နေမဟန်​မှန်း သိလိုက်​တာမို့ ... အ​နေအထားကို ဝင်​ထိန်းရ​တော့သည်​။ "​နောက်​​နေ့​မှ လုပ်​ကြတာ​ပေါ့ကွာ.  မုရယ်​ကြည့်​ရတာလည်း ဒီ​နေ့အ​တော်​ ပင်​ပန်းသွားပုံပဲ. မုရယ်​လည်း ပထမဆုံး​နေ့မှာ ရှုတင်​နဲ့အသားကျပါ​စေအုံး၊ ​နောက်​​နေ့​တွေ အခန်းများများ ရိုက်နိုင်​​အောင်​ သူ့ကို ပေးနားလိုက်​ကြတာ​ပေါ့. ကဲကဲ အားလုံး ဒီ​နေ့​စော​စောပြန်​ပြီး အား​မွေးကြ​တာပေါ့ကွာ၊ ​နောက်​မှ ကြိုဆိုပွဲလုပ်​လဲ မှီပါ​သေးတယ်​!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now