အခန်း(၃၈) ရှင်​ကမိစ္ဆာဘုရင်​ကြီး

8.3K 1K 119
                                    

စီအီးအိုလု ကံ​ကောင်းသွားတယ်​၊ ​တော်​​တော်​ကြီးညဉ့်​နက်​​နေပြီမို့ အမျိုးသမီးသန့်​စင်​ခန်းထဲမှာ ဘယ်​သူမှရှိမ​နေဘူး။ အလွန့်​အလွန်​မူး​နေတဲ့နန်​ရှီကို သူ ချက်​ချင်းပဲရှာ​တွေ့၏...သူမက အိမ်​သာတံခါးကိုမှီပြီး ကြမ်းပြင်​​ပေါ်မှာထိုင်​​နေသည်​။

သူမရဲ့​ဒေါက်​ဖိနပ်​​တွေက ​တောင်​တစ်​ဖက်​ ​မြောက်​တစ်​ဖက်​ဖြစ်​​နေပြီး​တော့ သူမရဲ့အိတ်​ထဲက ပစ္စည်း​တွေကလဲ ကြမ်းပြင်​​ပေါ်ပြန့်​ကြဲ​နေတယ်​၊ သူမဆံပင်​​တွေလဲ ရှုပ်​ပွ​နေတာပဲ။ သူမထွက်​သွားတုန်းက ပြီးပြည့်​စုံတဲ့သွင်​ပြင်​က အခု​တော့ လုံးဝကိုတခြားစီပါပဲ။

လုထင်း​ရှောင်​ရဲ့အကြည့်​​ထဲမှာ ချစ်​ခြင်း​ရောင်​စဉ်​​တွေဖြာလက်​သွားတယ်​...သူ သူမအိတ်​ကို​ကောက်​လိုက်​ပြီး​တော့ ကြမ်းပြင်​​ပေါ်မှာ ပွစာကြဲ​နေတဲ့ပစ္စည်း​တွေကို တစ်​ခုချင်းစီ ​ကောက်​ထည့်​လိုက်​သည်​။ အဲ့​နောက်​ သူက သူမရဲ့ဖိနပ်​ကို ​ကောက်​ယူလိုက်​ပြီး သူမကိုချီဖို့ သူမရဲ့ခါးနားမှာ သူ့လက်​ကိုထားလိုက်​သည်​။

သူ သူမကို ချီလိုက်​ခါနီးလေးမှာပဲ ... နန်​ရှီက ရုတ်​တရက်​ကြီး အိမ်​သာတံခါးကို ဆွဲထားရင်း သွားဖို့ ငြင်းဆန်​​လာ၏။ သူမက အထိတ်​တလန့်​ဖြစ်​​နေလျက်​၊ သူ့ကို မူးမူးရူးရူးနဲ့စိုက်​ကြည့်​လာတယ်​။ "ရှင်​က..."

"လုထင်း​ရှောင်​"

"လုထင်း​ရှောင်​..." ပထမ​တော့ နန်​ရှီ မှင်​တက်​သွားတယ်​...ဒါ​ပေမယ့်​ အဲ့​နောက်​ ရုတ်​ချည်း ​အော်​ဟစ်​လာ​တော့တယ်​။ "ရှင်​က လူလိမ်​ပဲ! ကျွန်​မကို အရူးလို့ထင်​​နေလား! ဒါမိန်းက​လေးအိမ်​သာ​လေ!"

ဒီ​ကောင်​မ​လေး တကယ်​ပဲမူး​နေတာလား? ...ဒါမှမဟုတ်​ ဟန်​​ဆောင်​မူး​နေတာလား? သူမကိုကြည့်​ရတာ အသိစိတ်​တချို့​တော့ ရှိ​နေ​သေးတဲ့ပုံပဲ။

"ကိုယ်​ မင်းကိုလိမ်​​​ပြော​နေတာမဟုတ်​ဘူး"

"လူလိမ်​​ကောင်​... ငါမသွားဘူး... ငါနင်​နဲ့အတူမသွားနိုင်​ဘူး..." မူး​နေတဲ့နန်​ရှီက တစ်​စုံတစ်​ရာကို ​ကြောက်​လန့်​​နေတဲ့ ဖြူ ​သေး​သေး​လေးတစ်​​ကောင်​လိုပဲ၊ ကာကွယ်​မှုအပြည့်​နဲ့။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now