အခန်း(၈၄) အိပ်နေရင်းလမ်းထ​လျှောက်​တာလား?

7K 1K 90
                                    

"အား..." နန်ရှီဟာ လွတ်မြောက်ဖို့ ရုန်းကန်ပါ​တော့တယ်​၊ ဒါပေမယ့် သူမရဲ့ လက်တွေက လုထင်းရှောင်ရဲ့ ချုပ်နှောင်ခြင်းကို ခံထားရပြီး သူမရဲ့ ခြေထောက်တွေဟာလည်း လုထင်းရှောင်ရဲ့ ဒူးခေါင်းအောက်မှာရောက်နေ​လေတယ်​။

{ဒါ ဘယ်​လိုစိတ်​ပျက်​စရာ အ​ခြေအ​နေမျိုးကြီးလဲ?}

{ငါ​လေး အိပ်မက်မက်​​နေရင်းမို့ အခုထက်ထိ ထလို့မရ​သေးတာလား?}

နန်ရှီခမျာ မောဟိုက်​လာ​သော​ကြောင့်​ ဖြည်းဖြည်းပင် အသက်ရှုနေရသည်။ နောက်ဆုံးတွင်​ လုထင်းရှောင်က သူမရဲ့ နှုတ်ခမ်းများကို လွတ်မြောက်ခွင့်ပေးတော့မှ သူမ သက်​ပြင်းချနိုင်​​တော့သည်​။ သို့​​ပေမယ့် ​လုထင်းရှောင်ဟာ သူကိုက်ခဲ့တဲ့ သူမရဲ့ လည်တိုင်ဆီ ​ရောက်​သွားပြီး သူ့လျှာလေးနှင့် ရှေ့တိုးနောက်ဆုတ်​တောင်​ လုပ်​လာ​သေးသည်​။ ထိုသို့ပြုလုပ်နေခြင်းက နန်ရှီကို ပို၍ ကြောက်ရွံ့စေသည်။

"​ဟေ့ လုထင်းရှောင် လုထင်းရှောင်..."
နန်ရှီက သုံးလေးခါလောက် သူ့နာမည်​ကို ​ခေါ်​နေ​သော်​လည်း လုထင်းရှောင်က ဘာမှပြန်မထူးပေ။ သူမရဲ့ ခန္ဓာကိုယ်နှင့်သာ အလုပ်ရှုပ်နေသည်။

ဒီအခိုက်​အတန့်​မှာရှိ​နေတဲ့ ထိုအမျိုးသားဟာ အရင်​က လူကြီးလူ​ကောင်းဆန်​တဲ့သူ မဟုတ်​​တော့​ပေ၊ သူမနှင့်​ ရင်းနှီး​နေခဲ့​သော နူးညံ့မှုများလည်း ​ပျောက်​ဆုံး​နေခဲ့၏။ ​လိုအင်ဆန္ဒ​တွေ ပြင်းထန်​​နေသည့်​ ချွန်ထွက်နေတဲ့သွားများက သူမရဲ့ လည်တိုင်မှတစ်ဆင့် ညှပ်ရိုးတွေဆီ ၊ ထိုမှတစ်ဆင့် တဖြည်းဖြည်းအောက်ဆင်းသွားခဲ့ပြီး...

"မ ... မလုပ်!"

နန်ရှီ မေ့မေ့ပျောက်ပျောက်ဖြစ်နေသော အတိတ်ဆိုးများကို ရုတ်တရက် ပြန်သတိရလာ​စေသည်​။ အတိတ်ဆိုးများက သူမရဲ့ အသွေးအသားထဲမှာ အခုချိန်ထိ လွှမ်းမိုးထားနိုင်ဆဲ။ အတိတ်ဆိုးများက သူမကို ဆွဲခေါ်သွားပြီး သူမကို စေးကပ်နေတဲ့ ရွံ့ဗွက်ကဲ့သို့ မြှုပ်နှံဖို့ ခြိမ်းခြောက်နေသလိုပဲ။ သူမတစ်ကိုယ်လုံးကို မထိန်းချုပ်နိုင်အောင် တုန်ရီမှုကို ဖြစ်စေတယ်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now