အခန်း(၉၄) ထိန်းချုပ်​မရသည့်​ ပြင်းပြ​သော အချစ်

6.9K 953 55
                                    

ဤသို့ဖြစ်​ရသည်​မှာ ... နန်​ရှီက သရုပ်​​ဆောင်​ခြင်းဆိုင်​ရာ ပညာရပ်​တစ်​ခုဖြစ်​သည့်​ ... 'အ​ရောင်​အဝါ(အရှိန်​အဝါ)ဖိအား​ပေးခြင်း'နည်းကို တမင်​တကာ ထုတ်​သုံးလိုက်​လို့ပါ​ပေ။

'အ​ရောင်​အဝါ(အရှိန်​အဝါ)ဖိအား​ပေးခြင်း' ဆိုသည်​က ... အ​တွေ့အကြုံရှိ​တဲ့ ဝါရင့်​သမာရင့်​ သရုပ်​​ဆောင်​ကြီး​တွေသာလျှင်​ ထုတ်​သုံးနိုင်​ကြသည့်​ နည်းတစ်​ခုတည်းဖြစ်​၏။ သရုပ်​​ဆောင်​တစ်​​ယောက်​က ... သူတို့၏ သရုပ်​​ဆောင်​ခြင်းကို တမင်​သက်​သက်​ကို အလျှံအပယ်​ ဈာန်​သွင်း၍ ... တဖက်​သူအ​ပေါ် စိတ်​ပိုင်းဆိုင်​ရာမှာ အကြီးအကျယ်​ ဖိအား​ပေးခြင်းဖြစ်​၏၊ ထိုအခါ ... တဖက်​သူ၏ သရုပ်​​ဆောင်​ခြင်းသည်​ ​​ကြောင်​,အသွားတာမျိုး ... ​ပြောရမည့်​ စာသား​တွေကို ခဏခဏ ​မေ့​မေ့သွားတာမျိုး​တွေကို ဖြစ်​​စေလာသည်​။ အပြင်းထန်​ဆုံး​သော ဖိအား​ပေးမှုသည်​က ​တဖက်​သူအား သူတို့၏ ​နောက်​ဖြတ်​သန်းရမည့်​ ​နေ့ရက်​​တွေမှာ ​နေထိုင်​ချင်​စိတ်​ မရှိ​တော့​လောက်​​အောင်​ ဖြစ်​​စေသည့်​ စိတ်​ဒဏ်​ရာအကြီးအစားမျိုး​တွေကို ရသွား​စေနိုင်​သည်​။

အနုပညာ​လောကထဲမှာ ဒီလိုနည်းလမ်းမျိုး ထုတ်​သုံးနိုင်​သူဆိုတာ အင်​မတိအင်​မတန်​မှကို နည်းလှပါ​ပေတယ်​။ အ​ရေးကြီးဆုံးက ဒီနည်းလမ်းကို သိမြင်​နိုင်​ဖို့ ခက်​ခဲလို့ပေ၊ ဘာ​ကြောင့်​ဆို​သော်​ငြား တဖက်​သားက ရိုးရိုးတန်းတန်းပဲ သရုပ်​​ဆောင်​​နေတာလား ... သို့မဟုတ်​ ... 'အ​ရောင်​အဝါ(အရှိန်​အဝါ)ဖိအား​ပေး' ​နေသည်​လားကို သဲသဲကွဲကွဲ မ​ပြောပြနိုင်​ကြလို့ပါ။ ဒီနည်းလမ်းသည်​က တဖက်​သူအ​ပေါ် ​ခြေရာလက်​ရာမပျက်​ဘဲ ထိခိုက်​​စေနိုင်​သည်​။

နန်​ရှီသည်​ သူ့အား မျက်​လုံးအ​ပေါ် ပင့်​တင်​ပြရင်း ... "ငါ့အကွက်​​တွေကို အားအားယားယား ထုတ်​မပြနိုင်​ပါဖူး​နော်​!"

ဒီအကွက်​မျိုး သူမ,သုံးဖို့ဆိုရင်​ ... ပထမအချက်က ... ​သင့်​​တော်​တဲ့ အ​ခြေအ​နေတစ်​ခု လိုအပ်​၏။ ဥပမာ​ပေးရရင်​ ... ဒီ​နေ့ရဲ့ အခန်းဆို ကျာ့ချင်းချင်းအား ဖိနှိပ်​ဖို့ ပြည့်​စုံပါ၏။ ဒုတိယအချက်​က ... ဒီအကွက်​သည်​ ရိုက်​ကူးမှုအပိုင်းမှာလည်း တိုးတက်​​ကောင်းမွန်​သည့်​ သက်​​ရောက်​မှုမျိုး ရှိ​စေရမည်​၊ နဂါးမှန်းသိ​အောင်​ အ​မောက်​​ထောင်​ပြရမည့်​မို့သာ သူမ ဒါကို ထုတ်​သုံးလိုက်​ရတာပါ။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now