အခန်း(၅၀) ရှား​လော့ဟယ်​ယို(Sarangheyo)

8.1K 1.1K 80
                                    

"အဲ့မှာပဲ ချထား​ပေး​နော်​..​​ကျေးဇူးပဲ​!" လို့ ​နန်​ရှီ ​ပြောတယ်​။ သူမ ဆဲလ်​ဖုန်းကို ထုတ်​ပြီး ရတနာ​လေးဆီကို Message လှမ်းပို့လိုက်​တယ်​။

ရိုက်​ကူး​ရေးအဖွဲ့သား​တွေက ကြည့်​လိုက်​ရင်​ သူတို့အလုပ်​နဲ့ သူတို့ ရှုပ်​​နေတဲ့ ပုံ​ပေါက်​​နေ​ပေမယ့်​လည်း တကယ်​​တော့ သူတို့အားလုံးက နန်​ရှီဆီကို ဒီတကြိမ်​​ရော ဘာပစ္စည်း​ပို့လာမလဲဆိုတာကို သူတို့အားလုံး သိချင်​ပြီိး သူမကို ​​လှမ်းကြည့်​​နေကြသည်​။

အာ...ကြည့်​ရတာ​တော့ သစ်​သီး​ဖျော်​ရည်​ သုံးပုလင်းလားပဲ?

ပထမဆုံးအကြိမ်​လာတုန်းက နန်​ရှီက နှင်းဆီပန်း​တွေကို ကြည့်​ပြီး စိတ်​ရှုပ်​​ထွေး​​​နေတယ်​။ ဒုတိယအကြိမ်​ စိန်​ပွင့်​ကြီး​ရောက်​လာ​တော့ သူမ​လေးက ​ဝမ်းသာသွားတဲ့ပုံလည်း မဖြစ်​သလို...အံ့သြတဲ့ပုံလည်း ဖြစ်​မသွားဘူး။ ဒါ​ပေမယ့်​ အခုတကြိမ်​မှာ​တော့ သူမ​လေးက အရမ်းပဲ​ပျော်​ရွှင်​​နေပြီး​တော့ ဝမ်းပန်းတသာနဲ့​တောင်​ စာလှမ်းပို့လိုက်​​သေးတယ်​။

လူတိုင်း အံ့အားသင့်​သွားတယ်​ :

"အာ... သိပ်​ဟုတ်​တာ​ပေါ့၊ ဒီ​နေ့​ခေတ်​ အလှ​လေး​တွေအ​ပေါ်မှာ ​ငွေက အလုပ်​မဖြစ်​ဘူး... သူတို့အတွက်​ အ​ရေးကြီးဆုံးအရာက နှလုံးသားပဲ!"

"ဟုတ်​တယ်​၊ ​စောနက မိန်းက​လေး​ပြောတာ မကြားလိုက်​ဘူးလား... အဲ့​ဖျော်​ရည်​​တွေက ကိုယ်​တိုင်​လုပ်​တာတဲ့! အရမ်းရမ်းကို ဆွိထှာ!"

"အဲ့​ဖျော်​ရည်​လာပို့တဲ့သူက ​နောက်​ဆုံး အလှ​လေးနှလုံးသားကို ရသွားမယ်​ဆိုတာ​ကို၊ ငါ ​လောင်းချင်ပါ​သေး!"

"ဒါဆို ငါက​တော့ စိန်​ပွင့်​​ပေးတဲ့သူဘက်​က ​လောင်းမယ်​!"

"အာ...ဘာလို့ ပန်း​ပေးတဲ့သူကျ မ​လောင်းကြတာလဲ?"

...

...

သစ်​သီး​ဖျော်​ရည်​​တွေ ​သောက်​ပြီးတဲ့​ ​နောက်​မှာ​တော့ နန်​ရှီ​လေး ဆက်​လက်​ရိုက်​ကူးဖို့အတွက်​ အားအင်​​တွေပြည့်​သွားတယ်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now