အခန်း(၄၇) ​နှင်းဆီနီနီ​တွေ....

7.5K 1K 71
                                    

မြို့ပြင်​တစ်​​နေရာမှာရှိတဲ့ ပုံမှန်​စတူဒီယိုတစ်​ခုမှာ ရှုတင်​ရိုက်​ကွင်း တည်​ထားတယ်​။

ပထမဆုံး ရိုက်​မယ့်​အခန်းက နန်းတွင်းစား​သောက်​ပွဲဖြစ်​ပြီး ဘုရင်​မင်းမြတ်​က သံတမန်​များစွာရဲ့ လာ​ရောက်​မှုကို ကြိုဆိုရမှာဖြစ်​တယ်​။ မင်းသား ၇ ချီ​ပေချန်း နဲ့ သူ့ကြင်​ယာ​တော်​ ရှန့်​ကွမ်းရင်းရုံ တို့ဟာ သံတမန်​​တွေရဲ့ စကား​ပြောဝိုင်းထဲမှာပဲ ​စေ့စပ်​​ကြောင်းလမ်းခံရမှာဖြစ်​တယ်​။ နန်​ရှီရဲ့ဇာတ်​​ကောင်​က ဒီအခန်းမှာ​တော့ *​[၁]တျဲ့​ဖေးညန်​ညန်​(​တော်​ဝင်​ကြင်​ယာ​တော်​) ဆိုတဲ့ သာမန်​ဇာတ်​​ကောင်​​လေးတစ်​ခုပါပဲ...သူမက ဆွဲ​ဆောင်​မှုရှိတဲ့ အဆင်​တန်​ဆာ​တွေဝတ်​ပြီး ဘုရင့်​ဘေးနားမှာ ထိုင်​ဖို့သာပဲ သရုပ်​​ဆောင်​ရမှာပါ။

သာမန်​ဇာတ်​ရုပ်​​လေးဆို​ပေမယ့်​ ဒီလိုပူအိုက်​တဲ့​နေ့မျိုးမှာ အလွှာအထပ်​ထပ်​ပါတဲ့ ရိုးရာဝတ်​စုံကို ဝတ်​ထားရတာက တကယ့်​ကိုဆိုးရွားလှသည်​။

နန်​ရှီရဲ့ အရမ်းထူထပ်​လှတဲ့ ဝတ်​စုံက ဘာအကူအညီမှမဖြစ်​​စေဘူး။ သူမရဲ့ဝတ်​စုံကပဲ ထူထပ်​သာမဟုတ်​ သူမ​ ​ခေါင်း​ပေါ်က ပစ္စည်း​တွေကလည်း ကီလိုနဲ့ချီပြီး​တော့ ​လေးလံလှ​သေးသည်​။

သူမမှာ တခါရိုက်​ပြီးတာနက်​ သူမရဲ့ဝတ်​စုံထဲ ​ချွေး​တွေ ​တောက်​​တောက်​ကျ​နေရ​ပေမယ့်​လည်း ဘယ်​သူကမှ ဘာမှမ​ပြောဘူး။

ဒါရိုက်​တာက "Cut" လို့ ​အော်​လိုက်​တယ်​။ နန်​ရွှယ်​လျိုရဲ့ အကူနှစ်​​ယောက်​က ချက်​ချင်းမဆိုင်းမတွပဲ ​ရောက်​လာတယ်​။ တစ်​​ယောက်​လက်​မှာ ယပ်​​တောင်​တစ်​​ချောင်းပါပြီး​တော့ ​နောက်​တစ်​​ယောက်​မှာ​တော့ ​ရေတစ်​ဘူးပါတယ်​။ ​​အေးတဲ့အခင်းတစ်​ခုက သူမ၏ ထိုင်​ခုံမှာ အဆင်​သင့်​ ခင်း​ပေးထားပြီးသား။

နန်​ရှီ​လေးမှာ​တော့ အကူတစ်​​ယောက်​​တောင်​ မရှိတဲ့အတွက်​ ရိုက်​ကွင်းပြီးတာ​တောင်​ ​ရေ​သောက်​ရဖို့ လမ်းမမြင်​။ နောက်​တခန်းကလာ​တော့မည်​...အခုထိ သူမ ဝတ်​စုံက မချွတ်​ရ​သေးဘူး။ သူမ ​အေး​အောင်​ အင်္ကျီစကိုသာ လိပ်​ထားရ​တော့တယ်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now